ဒီနေ့မြန်မာပလာဇာ ရောက်သွားတဲ့အချိန်မှာ Vestige Cafe ဆိုင်ရဲ့ အပြင်အဆင်လေးနဲ့ ပုံစံလေးကို သဘောကျတာကြောင့် ၀င်စားဖြစ်ခဲ့တယ်။ ဆိုင်မှာ အစားအစာအတော်လေးစုံလင်ပြီး ထူးထူးခြားခြားအနေနဲ့ Kachin Corner မှာ ခေါင်ရည်သောက်လို့ရနိုင်ပါသေးတယ်။
ပထမဆုံးအနေနဲ့ ခေါင်ရည်အကြောင်းစပြောရရင် ရန်ကုန်လိုနေရာမျိုးမှာ ခေါင်ရည်သောက်ဖို့နေရာဆိုတာ အတော်လေးရှားပါတယ်။ ဒီဆိုင်မှာရတဲ့ခေါင်ရည်က ကျွန်တော့်အနေနဲ့ဆိုရင် သောက်လို့ကောင်းတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။ ခေါင်ရည်တစ်ခွက်ကို (၅၀၀) ကျပ်၊ Special ဆိုရင်တော့ (၁၅၀၀) ကျပ်ဖြစ်ပါတယ်။
နောက်တစ်ခုစားဖြစ်ခဲ့တာက ဆိတ်သားထမင်းနှယ်ပါ။ အရသာကောင်းပြီး ဆီမများပါဘူး။ ဆိတ်သားခြောက်မွမွလေးနဲ့တွဲစားရပြီး တစ်ပွဲကို (၆၀၀၀) ကျပ်ပါ။ အလှစားတတ်တဲ့သူတွေအတွက်တော့ တန်တယ်လို့ဆိုရမှာဖြစ်ပြီး အ၀စားမယ်ဆိုရင်တော့ ဒီဟင်းပွဲကို မရွေးချယ်သင့်ပါဘူး။

ပုန်းရည်ကြီးထမင်းသုပ် – နူးအိနေတဲ့ဝက်သားနဲ့ မြန်မာ့ရိုးရာပုန်းရည်ကြီးထမင်းကို တွဲဘက်ပြုလုပ်ထားတဲ့ဟင်းပွဲပါ။ ၀က်သားအရသာကောင်းပြီး စားလို့မြိန်ပါတယ်။ တစ်ပွဲကို (၅၀၀၀) ကျပ် ဖြစ်ပါတယ်။


ထမင်းနဲ့တွဲစားဖို့ မှာဖြစ်တဲ့ ၀က်နံရိုးမျှစ်ချဉ်ဟင်းရဲ့ အပြင်အဆင်လေးက သဘောကျဖို့ကောင်းပြီး အရသာလည်းရှိပါတယ်။ သောက်မယ်ဆိုတဲ့သူတွေအတွက်ကတော့ ဘီယာ၊ ကော်ဖီနဲ့ Soft Drinks မျိုးစုံရပြီး Cocktail မျိုးစုံလည်းရပါတယ်။ မြန်မာ့ရိုးရာအချိုပွဲအစုံနဲ့ ၀က်သားတုတ်ထိုးစားမယ်ဆိုလည်း ရှိပါသေးတယ်လို့ သတင်းကောင်းလေးပါးချင်ပါတယ်။