တရုတ်စီချွမ်အရသာ ကျောက်အိုးငါးပေါင်းစားကြမလား

ဒီတစ်ခေါက်မှာ အရသာထူးထူးဆန်းဆန်းဖြစ်စေမယ့် တရုတ်စီချွမ်အရသာ ကျောက်အိုးငါးပေါင်းစားနိုင်မယ့် ကန်လမ်း၊ လှိုင်မြို့နယ်မှာရှိတဲ့ Uncle.MC ဆိုင်လေးအကြောင်းပြောပြချင်ပါတယ်။

တရုတ်အစားအစာအတော်စုံစုံလင်လင်ရပြီး ဆိုင်ရဲ့ signature ကတော့ ရေနွေးငွေ့နဲ့ပေါင်းတဲ့ တရုတ်စီချွမ်အရသာ ကျောက်အိုးငါးပေါင်းဟင်းပွဲပါ။ ငါးပေါင်းရဲ့ နူးညံ့မှုနဲ့ ထူးခြားတဲ့အရသာက ဒီဟင်းပွဲကို လူကြိုက်များစေတဲ့အချက်ပါ။ ပေါင်းတဲ့အခါမှာ ကောက်ရိုးခမောက်နှင့်ဖုံးပြီး ပေါင်းရတာကြောင့်မို့ အညှီနံ့မရှိဘဲ ကောက်ရိုးနံ့သင်းသင်းလေးရစေပါတယ်။

ကောက်ရိုးခမောက်ဖြင့် ပေါင်းရသည့် ငါးပေါင်း
ကောက်ရိုးခမောက်ဖြင့် ပေါင်းရသည့် ငါးပေါင်း

ဟင်းရည်ကို ကိုယ်ကြိုက်တဲ့အရသာရွေးချယ်နိုင်ပြီးတော့ အစပ်၊ မာလာ၊ သဘာဝ၊ ကြံမဆိုင်ဆိုပြီး အရသာလေးမျိုးရှိပါတယ်။ ဒီဟင်းပွဲကို အသီးအရွက်လေးမျိုးပါတဲ့ အရသာဟင်းနှစ်တစ်ထုပ်ကို (၈၉၀၀) နဲ့ တွဲဘက်စားရမယ့် အသားမှာတော့ ကိုယ်ရွေးချယ်တဲ့ အသားအပေါ်မှာမူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိနိုင်ပါတယ်။ ငါးမစားပဲ ကြက်သား၊ ၀က်သား၊ ပင်လယ်စာတို့လည်း စားနိုင်ပါတယ်။

ဟင်းပွဲကျက်တဲ့အခါ မုန်ညှင်းဆီ နဲ့တွဲစားရပါတယ်
ဟင်းပွဲကျက်တဲ့အခါ မုန်ညှင်းဆီ နဲ့တွဲစားရပါတယ်

ပေါ့ပေါ့ပါးပါး စားချင်သူတွေအတွက်လဲ အခြားဟင်းလျာလေးတွေရှိတယ်။ ဟင်းလျာတစ်ပွဲကို သုံးလေးထောင် ပတ်ဝန်းကျင်ပါ။ သုံးရောင်ခြယ် ဆားဘဲဥသုပ်၊ အမဲသားသုပ်၊ ၀က်အူမကြီးမျှင်သုပ်တို့လို ထူးထူးဆန်းဆန်းလေးတွေလည်းရနိုင်ပါတယ်။

ငါးသင်ဖြူငါးကို ကြော်ထားသည့် ငါးကြွပ်ကြော်
ငါးသင်ဖြူငါးကို ကြော်ထားသည့် ငါးကြွပ်ကြော်
ဘဲသားအစာညှပ်
ဘဲသားအစာညှပ်

ဆိုင်လိပ်စာက – အမှတ် (၄)၊ ကန်လမ်း၊ (ပြည်လမ်းဘက်နှင့်အနီး) လှိုင်မြို့နယ်မှာရှိပြီးတော့ Booking လုပ်ချင်ရင်တော့ ဖုန်း – 0945454 3883, 0945454 3636 တို့ကို ဆက်သွယ်နိုင်ပါတယ်။

warmae.com logoView details of the store in warmae.com

uncle mc

Address:
No.(4), Kan Street, Hlaing Township
Hours:
11:00 - 22:00
Tel:
09454543883