အိမ်ချက်ထမင်းဟင်းအရသာလိုမျိုးစားရမယ့် ထမင်းဆိုင်လေး

ပိတ်ရက်မှာ အပြင်ထွက်လည်ပြီး တစ်ခုခုစားဖို့တာစူနေတဲ့သူတွေကြလား။ အိမ်မှာထမင်းစားရတာငြီးငွေ့လို့ အပြင်မှာထွက်စားချင်တဲ့သူတွေအတွက် ပြည်သာယာလမ်းက ထမင်းဆိုင်လေးအကြောင်းပြောပြချင်ပါတယ်။ ဆိုင်က ဖွင့်ထားတာ သိပ်မကြာသေးတဲ့ ဦးဗိုလ်ကြီး မြန်မာထမင်းဆိုင်လေးပါ။

ဆိုင်က အရမ်းမကြီးသလို အရမ်းလည်းမသေးပါဘူး။ ဟင်းအမျိုးအစားစုံလင်ပြီး ဟင်းချက်လက်ရာမဆိုးတဲ့ ဆိုင်လေးတစ်ဆိုင်လို့ ဆိုချင်ပါတယ်။ ငါးပိရည်တို့စရာကလည်း လျှာရင်းမြတ်တဲ့ အရသာရှိတယ်လို့ ဆိုရမှာပါ။

ဆိုင်ရဲ့အဓိကရောင်းတဲ့ ဟင်းအများစုက ၀က်သား၊ ကြက်သား၊ ဘဲသား၊ ငါးနဲ့ အသီးအရွက်အကြော်အစုံကို တစ်ရက်နဲ့တစ်ရက်မတူပဲဟင်းပွဲအစုံရောင်းပေးတယ်လို့ သိရပါတယ်။

ဟင်းပွဲအများစုကလည်း ဈေးအရမ်းမများပဲ၊ ၁၅၀၀ ကနေ ၂၅၀၀ ကျပ်ထိလောက်ပဲရှိပါတယ်။ ဒီဆိုင်မှာ နောက်ပိုင်းကျရင် နံနက်စာကိုလည်း အထူးရောင်းချပေးသွားမယ့်အစီစဉ်လည်း ရှိတယ်လို့ သိရပါတယ်။

ရန်ကင်း၊ ပြည်သာယာလမ်းဘက်ကို ရောက်ဖြစ်တယ်ဆိုရင် ဒီဆိုင်လေးမှာ တစ်ခါလောက် ထမင်းဝင်စားကြည့်မယ်ဆိုရင်တော့ အမှတ် – ၂၄ (က)၊ ပြည်သာယာလမ်း၊ ၁၆ ရပ်ကွက်၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်ဖြစ်ပါတယ်။ ဖုန်းနံပါတ်ကတော့ 09 441135741၊ 01-543032 ပဲဖြစ်ပါတယ်။

warmae.com logoView details of the store in warmae.com

U Bo Gyi Myanmar Traditional Restaurant

Address:
24 (A), Pyi Thar Yar street, 16 ward, Yankin township,Yangon.
Hours:
9:00 - 21:00
Tel:
09441135741