စားရတာတန်တဲ့ နေပြည်တော်ကဘူဖေးထမင်းဆိုင်

ဒီတစ်ခေါက် ရန်ကုန်ကဆိုင်တွေအကြောင်းရေးတာ ခဏနားပြီး နေပြည်တော်မှာရှိတဲ့ မြန်မာဘူဖေးထမင်းဆိုင်တစ်ဆိုင်အကြောင်း ရေးချင်ပါတယ်။ စားခဲ့ဘူးတဲ့အ၀စားဘူဖေးဆိုင်တွေထဲမှာ တော်တော်လေး သဘောကျမိတဲ့ဆိုင်လို့ ဆိုရမှာပါ။

အ၀စား တစ်ယောက်ကို ၄၀၀၀ ကျပ်ဖြစ်ပြီး အသားဟင်း၊ အရံဟင်းတွေအပါအ၀င်ဆို ဟင်းအမျိုးပေါင်း ၂၀ လောက်ထိပါတဲ့ ဘူဖေးပါ။ အရွက်ကြော်၊ အသားကြော်၊ ဆီပြန်ဟင်း၊ အရည်သောက်စုံစုံလင်လင်နဲ့ ဘာဟင်းစားလို့ စားရမှန်းမသိအောင်ကို ဖြစ်ရပါတယ်။

ပြောစရာတစ်ခုရှိတာဆိုလို့ တချို့ဟင်းပွဲတွေမှာ ဆီများတာကိုတော့ သိပ်သဘောမကျပါဘူး။ ဥပမာ ပြောင်းဖူးကြော်လိုမျိုးမှာ စားရတာအရသာရှိပေမယ့် ဆီများတာကို ကျွန်တော့်တစ်ဦးထဲအမြင်အရ သဘောမကျပါဘူး။

အဖွဲ့လိုက်သွားစားမယ့်သူတွေအတွက်အဆင်ပြေအောင်လည်း ပွဲတော်စာအထူးဒေါင်းလန်းကြီး ၅ ဦးစာကို ၁၈၀၀၀ နဲ့စားနိုင်တယ်လို့လည်း သိရပါတယ်။ မိတ်ဆွေတို့ နေပြည်တော်လမ်းကြုံရင် ၀င်စားဖို့အတွက် ထမင်းဆိုင်ကောင်းကောင်းလေးကို လမ်းညွှန်ပေးလိုက်ပါတယ်။

ဆိုင်အမည် – ထွန်းမြန်မာဘူဖေး လိပ်စာ – အမှတ် ၅၇၀ ၊ ရာဇဌာနီလမ်း၊ နှင်းဆီပန်းအ၀ိုင်းအနီး၊ နေပြည်တော်။ ဖုန်း – 0943015934