ဂျပန်အစားအစာပေါင်း (၈၀) ကျော်ရတဲ့ ဆူရှီဆိုင်

ဒီတစ်ပတ်မှာ ဂျပန်စာကြိုက်နှစ်သက်တဲ့သူတွေအတွက် ရွေးချယ်စရာအများအပြားနဲ့ အရသာကောင်းမွန်တဲ့ ဂျပန်ဆိုင်လေးတစ်ဆိုင်ဖြစ်တဲ့ မဟာဗန္ဓုလလမ်း၊ လသာမြို့နယ်မှာရှိတဲ့ Tomo Sushi နဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဆိုင်မှာ အဓိကထားရောင်းချတဲ့ ဆူရှီအမျိုးမျိုးအပြင် Sashimi Mori၊ Sashami Mori၊ Age Mono၊ Yaki Mono တို့လို အစားအသောက်အစုံအလင်ကိုလည်း ရွေးချယ်စားသုံးနိုင်ပါတယ်။

California Roll
California Roll

California Roll က ပုစွန်၊ ဂဏန်းလက်မနဲ့ သခွားသီး ကြက်ဥပေါင်း၊ မရောနိစ်၊ ဟင်းသီးဟင်းရွက်အဆီတို့နဲ့ပြုလုပ်ထားတဲ့ ဂျပန်ရိုးရာအစားအစာတစ်မျိုးပါ။ ပူပူနွေးနွေးနဲ့စားရတာ အရသာရှိပြီး တစ်ပွဲကို ၂၅၀၀ ကျပ်နဲ့ စားသုံးနိုင်ပါတယ်။

Gyouza
Gyouza

Gyouza ကတော့ ကြက်၊ ၀က် အသား ၂ မျိုးရပြီး တစ်ပွဲကို ၂၅၀၀ ကျပ်နဲ့ ၆ ခုတောင်ပါလို့ စားရတာ တန်ပါတယ်။

Fish Fried
Fish Fried

နောက်ထပ်တစ်မျိုးကတော့ ငါးတံအသားကိုကြော်ထားတဲ့ Sauce ကောင်းကောင်းလေးနဲ့တို့စားရင် တကယ့်ကို အရသာထူးကဲလှတဲ့ Fish Fried ပါ။ ဂျပန်အစားအသောက်ပုံစံနဲ့ကြော်ထားတယ်ဆိုပေမယ့် မြန်မာတွေရဲ့အကြိုက်နဲ့လည်း ထပ်တူကျနိုင်မယ့်ဟင်းပွဲတစ်ခုလို့ ဆိုချင်ပါတယ်။

Tomo Sushi ဆိုင်က လသာမြို့နယ်၊ စဥ့်အိုးတန်းလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှရှိပြီး ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာရှိတာကြောင့် အရသာမြည်းစမ်းလိုတဲ့သူတွေအတွက်လည်း ခရီးဝေးဝေးသွားစရာမလိုတော့ပါဘူး။ သင်ဂျပန်စာခရေဇီတစ်ယောက်ဆိုရင်တော့ ဒီဆိုင်လေးကို သွားပြီးမြည်းစမ်းကြည့်ပါဦး။

  • English (United States)
  • 日本語
  • ဗမာစာ

warmae.com logoView details of the store in warmae.com

Tomo Sushi (Latha)

Address:
No.702, Mahabandoola Street
Hours:
9:00 - 22:00
Tel:
01251302