သံစဉ်အေးအေးလေးတွေ အခမဲ့ခံစားရမယ့် Smooth Jazz Piano Night

ဖေဖော်ဝါရီလအစရဲ့ သောကြာနေ့ TGIF မှာ ဘယ်သွားရင်ကောင်းမလဲတွေးနေတဲ့ မိတ်ဆွေတွေအတွက် သတင်းကောင်းလေးတစ်ခုမျှဝေပေးချင်ပါတယ်။

Jazz သံစဉ်သီချင်းအေးအေးလေးတွေနဲ့ အစားအသောက်ကောင်းကောင်းစားရင်း စကားအေးဆေးပြောပြီး TGIF ကိုဖြတ်သန်းချင်တယ်ဆိုရင်တော့ ဆာကူရာတာဝါ အထပ် (၂၀) မှာရှိတဲ့ Thiripyitsaya Sky Bistro မှာ Smooth Jazz Piano Night ရှိတဲ့အကြောင်း သတင်းကောင်းပါးလိုပါတယ်။

Smooth Jazz Piano Night ကို ၀င်ကြေးသတ်မှတ်ထားခြင်းမရှိပဲ ကြိုက်နှစ်သက်ရာ အစားအသောက်မှာယူပြီး ပါဝင်နိုင်မှာဖြစ်ပါတယ်။ ဒီနေ့ည (၇) နာရီအချိန်ကစတင်ကာ 83 DEGREES JAZZ BAND ရဲ့ ငြိမ့်ငြောင်းတဲ့ Jazz သံစဉ်တွေခံစားရင်း ဖေဖော်ဝါရီလရဲ့အစ TGIF လေးကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြဖို့ မျှဝေပေးလိုက်ပါတယ်။