ရေနဲ့စားတဲ့ထမင်း (သို့မဟုတ်) သင်္ကြန်ထမင်း

ဒီတစ်ခါမှာတော့ ထမင်းကို ရေနဲ့စားဖူးသွားခဲ့ပါပြီ။ ကြားသာကြားဖူး မစားဖူးသေးတဲ့ သင်္ကြန်ထမင်းရဲ့အရသာကို သိရအောင် ပြည်သူ့ရင်ပြင်မှာရှိတဲ့ Morning Star ဆိုင်ကို အရောက်သွားပြီး သင်္ကြန်ထမင်းစားဖြစ်ခဲ့ပါတယ်။

မြန်မာတိုင်းရင်းသား မွန်လူမျိုးတို့ရဲ့ ရိုးရာအစားအသောက်ဖြစ်တဲ့ မွန်သင်္ကြန်ထမင်းက မြန်မာ့ရိုးရာအစားအစာထဲမှာ အတော်လေး ထူးခြားတယ်လို့ဆိုရမယ်။ နူးညံ့ပျော့ပြောင်းအောင် ချက်ထားတဲ့ ထမင်းကို ရေစိမ်စားရတာက ပုံမှန်အဆီအနှစ်နဲ့ စားနေကျ အစားအစာတွေနဲ့မတူပဲ တမူထူးခြားလှပါတယ်။ ရေစိမ်ထားတဲ့ ထမင်းကို ငါးခြောက်ထောင်းကြော်၊ ငရုတ်သီး အတောင့်ခြောက်ကြော်တို့နဲ့ တွဲဖက်စားသုံးရပါတယ်။

ငါးခြောက်ထောင်းကြော်၊ ငရုတ်သီး အတောင့်ခြောက်ကြော်
ငါးခြောက်ထောင်းကြော်၊ ငရုတ်သီး အတောင့်ခြောက်ကြော်

သင်္ကြန်ထမင်း ချက်ပြုတ်ရာမှာ အဓိကလိုအပ်တာကတော့ ဆန်အရည်အသွေးကောင်းဖို့ပါပဲ။ ဆန်ကို စင်းလုံးချောသန့်စင်သွားအောင်ပြုလုပ်ပြီးမှ ပုံမှန်စားနေကျ ထမင်းထက်ပိုပျော့အောင်ချက်ရပါတယ်။ ဒါပေမယ့်လည်း ဆန်ပြုတ်လောက် ပျော့သွားတဲ့အထိလည်း ချက်လို့မရပါဘူး။ သင်္ကြန်ထမင်းရဲ့ အဓိက တွဲစားရတဲ့ ငါးခြောက်ထောင်းကြော်နဲ့ ငရုတ်သီးခြောက်ကြော်ရဲ့အရသာကလည်း လွန်စွာမှ အရေးပါလှပါတယ်။

ငရုတ်သီးခြောက်ကြော်ရဲ့ အစပ်အရသာနဲ့ ငါးခြောက်ထောင်းကြော်ရဲ့အရသာကို တွဲစားရတာက ထူးခြားပါတယ်။ စားရင်းစပ်သွားတယ်ဆိုလည်း ထမင်းထဲက ရေခဲတုံးလေး ကိုက်လိုက်ယုံပဲ။ ဒီလိုရိုးရာအစားအစာမျိုးက အဆီအနှစ်အထူးတည်မပါဝင်တာကြောင့် ကျန်းမာရေးအတွက်လည်း လူတိုင်းစားလို့ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လူတိုင်းတော့ ကြိုက်ချင်မှ ကြိုက်မှာပါ။

တကယ်လို့ သင်္ကြန်ထမင်းကို Try ကြည့်ချင်တယ်ဆိုရင်တော့ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်၊ ရင်ပြင်ထဲမှာရှိတဲ့ Morning Star ဆိုင်မှာရပြီးတော့ တစ်ပွဲကို ၁၅၀၀ နဲ့ မြည်းစမ်းကြည့်နိုင်ပါတယ်။

warmae.com logoView details of the store in warmae.com

Morning Star

Address:
Corner of Bo Min Khaung & Upper Pansoedan Rd, Mingalar
Hours:
5:30 - 17:30
Tel:
095003606