သင်္ကြန်မှာ ဘော်ဒါတွေနဲ့ စုသောက်နိုင်မယ့် အမြည်းစုံတဲ့ဆိုင်

တဖြည်းဖြည်းနဲ့ သင်္ကြန်ကလည်း နီးလာပြီဆိုတော့ သင်္ကြန်အတွက် ကြိုတင်ရင်ခုန်နေကြသူများ
ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ ဒီတစ်ခါမှာတော့ ကြည့်မြင်တိုင် ကျောင်းရှေ့မှတ်တိုင်နားက
စားကောင်းတဲ့ အမြည်းအစုံအလင်နဲ့ သင်္ကြန်ရက်တွင်းဖွင့်မယ့် စားသောက်ဆိုင်တစ်ဆိုင်အကြောင်း
ပြောပြလိုပါတယ်။

ဆိုင်မှာ ထိုင်းအစားအစာနဲ့ တရုတ်အစားအစာအစုံ အမျိုးပေါင်း ၁၀၀ ကျော်ရှိပြီး ဘီယာနဲ့အမြည်းအတွက်လုံးဝစိတ်ပူစရာမလိုတဲ့ ဆိုင်တစ်ခုပါ။ မီနူးကိုသေချာကြည့်ပြီး စားချင်တာ သေချာမှာဖို့တော့လိုပါမယ်။ ဆိုင်မှာ သင်္ကြန်လည်ပတ်ရင်း ဗိုက်ဝအောင်စားလို့ရမယ့် ထမင်းကြော်တွေအပြင် သောက်ရင်းမြည်းလို့ရမယ့်အမြည်းကောင်းကောင်းလေးတွေလည်းရှိပါတယ်။

ဒီတစ်ခေါက်စားဖြစ်ခဲ့တဲ့ အစားအသောက်တွေကများလို့ တစ်ခုချင်းစီရဲ့ အရသာကို ခွဲပြီးမရေးတော့ပဲ
ခြုံငုံသုံးသပ်ရရင် ထိုင်းအစားအစုံအရသာက လက်ခံလို့ရပြီး တရုတ်အစားအစာလက်ရာလည်း မညံ့ဘူးလို့ဆိုနိုင်ပါတယ်။

အစားအသောက်စားတာမျိုးမဟုတ်ပဲ အကင်လေးစားရင်း မြည်းချင်တယ်ဆိုတဲ့သူတွေအတွက်လည်း
အကင်အမျိုးအစားပေါင်း ၂၀ ကျော်နေ့စဉ်ရောင်းချပေးတယ်လို့ သိရပါတယ်။

သင်္ကြန်ရက်ပိုင်းအတွင်းမှာရောင်းဈေးထက်ပိုမတင်ပဲ မူရင်းအရသာကိုထိန်းပြီး ပုံမှန်ဈေးအတိုင်းရောင်းချပေးမယ်လို့လည်း သိရပါတယ်။