The Chicken Rice Shop

Junction City 4 လွှာက The Chicken Rice Shop ကိုရောက်ပြီးပြီလား။ ဒီဆိုင်ကတော့ ကြက်ကင်ကြိုက်တဲ့သူတွေအတွက် ကွက်တိပါပဲ။ ကျွန်တော်ကတော့ ဒီဆိုင်ကိုရောက်မယ်ဆိုရင် Honey BBQ Chicken Noodles ( ပျားရည်ကြက်ကင်နှင့် ပုဇွန်ဖက်ထုပ်ခေါက်ဆွဲ ) ကို စားဖြစ်အောင်စားပါ လို့အကြံပေးချင်ပါတယ်။ ခေါက်ဆွဲမျှင်မျှင်လေးတွေကိုသုံးထားပြီးတော့ စားရတာချိုချိုလေးပါ။ Honey BBQ ကိုပဲ ကြက်ဆီထမင်းနဲ့လည်း ရသေးတယ်နော်။ နောက်တစ်ခုကတော့ Hainanese Curry Chicken ( ဟိုင်နန်ကြက်သားဟင်း ) ပါ။ သူကတော့ Chinese spieces တွေကိုသုံးထားပြီးချက်ထားတာပါတဲ့ ။ ဟင်းပွဲကိုလာချချိန်တုန်းက Idian Style ချက်ထားတာထင်ပေမယ့် စားကြည့်တော့ chinese spieces နံ့သင်းသင်းလေးနဲ့ အုန်းနို့လဲပါတော့ တစ်မျိုးစားကောင်းပါတယ်။ ထမင်းနဲ့စားရင်ပိုလိုက်တဲ့ဟင်းပွဲပါ။ Dessert ထဲက ABC ( Ice kacang ) ရေခဲသုပ် ကိုစားဖြစ်ပါတယ်။ အရမ်းချိုအီမနေဘဲနဲ့ Red bean လေးတွေနဲ့ ချိုချိုမွှေးမွှေးလေးပါ။ အားလပ်ရက်မှာ shopping ထွက်ရင်း ဆိုင်ကောင်းကောင်းမှာစားချင်တယ်ဆိုရင်တော့ Junction City 4th floor က The Chicken Rice Shop ကိုညွှန်းပါတယ်နော်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။