ညဘက်ဗိုက်ဆာတတ်တဲ့သူတွေအဆင်ပြေမယ့် ၂၄ နာရီဖွင့်တဲ့ဆိုင်တစ်ဆိုင်

တခါတလေမှာ ညဘက်ဗိုက်ဆာတဲ့အခါမျိုးမှာ ဆိုင်စဉ်းစားရတဲ့ပြသနာက မသေးလှဘူး။ ဘယ်သွားလို့ ဘာစားရမယ်မသိတဲ့သူတွေအတွက် ဖွင့်ထားတာသိပ်မကြာသေးတဲ့ ကြည့်မြင်တိုင်ဟုမ်းလမ်းမှာ သန်းကြွယ်လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့အကြောင်းလေးပြောပြချင်ပါတယ်။

ဆိုင်ကို ညဘက်ရောက်သွားတာတော့မဟုတ်ပဲ နံနက်စာစားဖို့အတွက် သွားရင်း အိန္ဒိယအစားလေးတွေလည်းရလို့ ဆိတ်သားပူရီစားဖြစ်ခဲ့ပါတယ်။ အိန္ဒိယအစားသောက်သီးသန့်ရောင်းတာမဟုတ်ပေမယ့် ချစ်တီးထမင်းတွေဘာတွေလည်းရတာကြောင့် စားဖြစ်ခဲ့တယ်။

ဆိတ်သားရဲ့ အဓိကအသက်ဖြစ်တဲ့ အနံ့ပျောက်အောင်ချက်ထားတာကြောင့် စားရတာ အဆင်ပြေပါတယ်။ နောက်တစ်ခုသောက်ဖြစ်တဲ့ Ice Mocha ကိုလည်း သဘောကျမိတယ်။ ဒါပေမယ့် အချိုရှောင်တဲ့သူတွေအတွက်ဆိုရင်တော့ သိပ်အဆင်မပြေလောက်ပါဘူး။

ဆိုင်မှာ အစားအသောက်တော်တော်စုံလင်တယ်လို့ဆိုရမှာ ဖြစ်ပြီး တရုတ်အစားအစာ၊ အိန္ဒိယအစားစာ၊ မြန်မာထမင်းဟင်းအစုံလင်ရတာကြောင့် ရွေးချယ်စရာတွေအများကြီးရှိပါတယ်။

ဒါပေမယ့် ညလုံးပေါက်ရတာကတော့ အသုပ်စုံ၊ လက်ဖက်ရည်နဲ့ အအေးတို့လောက်ပဲရတယ်လို့ သိရပါတယ်။ ဆိုင်ခန်းအနေအထားကျယ်ဝန်းပြီး ကားပါကင်လည်းရှိလို့ အဆင်ပြေပါတယ်။

warmae.com logoView details of the store in warmae.com

Than Kywel Tea shop

Address:
No.515/2,Lower Kyimyindine Road,Kyimyindine Tsp,( Near Orange mini Market and home lane Bus stop)
Tel:
09897692477