Thai 47

🎊 ထိုင်းအစားအစာချစ်သူတွေအတွက်သတင်းကောင်း 🎊
Thai 47 Helpin Branch

ဆိုင်ကိုရောက်တာနဲ့ နွေးထွေးမှုနဲ့ စားသုံးသူတွေအပေါ်ထားတဲ့ စေတနာကို ခံစားမိလိုက်ပါတယ်။


ဝင်ဝင်ချင်း ဘယ်ဘက်မှာတွေ့ရတာက လာရောက်စားသုံးသူတွေ အတွက်အလှဓာတ်ပုံရိုက်လို့ရအောင် ပြင်ဆင်ပေးထားတဲ့ အခန်းလေးပါ။ ထိုင်းရိုးရာအမျိုးသမီးအရုပ် နဲ့ သလွန် ကိုထားပေးထားပါတယ်။ဒါ့အပြင် ထိုင်းရိုးရာယဉ်ကျေးမှုပစ္စည်းတွေနဲ့ အလှဆင်ပေးထားပါတယ်။ ကိုယ်တောင် သလွန် ပေါ်မှာ တစ်စောင်းလေးထိုင်ပြီး နန်းဆန်ဆန်ဓာတ်ပုံရိုက်ခဲ့သေးတယ်။

အလှဓာတ်ပုံရိုက်ဖို့ သီးသန့်နေရာ

ဝင်ပေါက်ရဲ့ ညာဘက်မှာတော့ မိသားစုလိုက်လာစားသူတွေအဆင်ပြေအောင်လို့ ကလေးကစားကွင်းအခန်း လေးပြုလုပ်ပေးထားပါတယ်။ ရောင်စုံဘောလုံးကန်လေး၊ အရုပ်လေးတွေ၊ နဲ့ ကာတွန်းကားတောင် ဖွင့်ပြသေးတယ်။ တကယ်ကို စားသုံးသူတွေအတွက် စဉ်းစားပြီး အကွက်စေ့အောင် ၀န်ဆောင်မှုပေးထား တာကိုတော့ သဘောမကျဘဲမနေနိုင်ပါဘူး။

သားသားမီးမီးတို့ အတွက် ကစားကွင်း

အတွင်းထဲကိုဝင်လာလိုက်တော့ တွေ့ရတာက Drinks bar ! အဖျော်ယမကာ စုံစုံလင်လင်တွေ့ရပါတယ်။

အောက်ထပ်က Drinks Bar

ဒီလိုနဲ့စားမယ်သောက်မယ်ဆိုပြီး အပေါ်ထပ်ကိုတတ်ကြတယ်။ အပေါ်ကိုရောက်ရောက်ချင်းမြင်ရတာကတော့ Thai 47 Helpin Branch ရှဲ့Signature လို့တောင်ပြောလို့ရတဲ့ ဧရာမဆွမ်းအုပ်ကြီးပါပဲ။


အပေါ်ထပ်ရဲ့ Decoration တွေဟာလည်း တကယ်ကို Classy ပါပဲ။ မီးရောင်ဝါ၀ါလေးနဲ့ ရှေးဟောင်းထိုင်းယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများနဲ့ ပြင်ဆင်ထားတာက သိပ်ကိုခမ်းနားသပ်ရပ်ပါတယ်။

မှာဖြစ်တာတွေကတော့

၁။ မပါမဖြစ် ကွန့်ထန် ( Gung Htan ) – ၁၉၅၀၀ ကျပ်

 

အဆီအပြည့်ပါတဲ့ ပုစွန်တုပ်အကြီးကြီး ၈ ကောင်နဲ့ သွေးဂုံး၊ ကမာတို့လို ပင်လယ်စာအစုံကို ချက်ထားပေးတယ်။ အဲ့ဒါစားမယ်ဆိုရင် အားရပါးရစားလို့ရအောင် လက်အိတ်လေးတော့လိုမယ်နော်။ အနှစ်လဲများတော့ ထမင်းနဲ့စားလို့လဲအဆင်ပြေတယ်။ ၄ ယောက်စာ အေးဆေးစားလို့ရပါတယ်။

၂။ နာမည်ကြည့်ပြီးစိတ်ဝင်စားသွားတဲ့ အစိမ်းရောင်အနှစ်ထမင်းကြော် ( Khao Phad Prik Gaeng Kiew Wann ) – ၄၅၀၀ ကျပ်


ထိုင်းပင်စိမ်းနံသင်းသင်းလေးနဲ့ အရမ်းမွှေးပါတယ်။ ဆားဘဲဥလေးလဲပါသေးတယ်။ ပုစွန်နဲ့မှာရင် ပိုလိုက်ဖက်ပါတယ်။

၃။ ထိုင်းရိုးရာတုန်ယမ်း (Tom Yam ) – ၆၀၀၀ ကျပ်

 

ဒါကိုလဲ Sea food နဲ့ပဲမှာဖြစ်တယ်။ မှို၊ ဂုံး ၊ ပုစွန်၊ ကင်းမွန် ပင်လယ်စာစုံစုံလင်လင်ပါပါတယ်။ ကိုယ့်လိုအသီးအရွက်သိပ်မကြိုက်တတ်တဲ့သူအတွက်တော့ ဒီတုန်ယမ်းဟင်းဟာ ကွက်တိပါပဲ။ ဟင်းအရည်က နည်းနည်းလေးစပ်တယ်ဆိုပေမယ့် အနေတော်ပါပဲ။

၎။ ဆန်လှော်ဝက်ဂုတ်ကင်သုပ် – ၆၅၀၀ ကျပ်


အစကတော့ အကင်တိုင်းပဲမှာမလို့ပဲ။ ဒါပေမယ့် အသုပ်ကိုလဲစမ်းကြည့်ချင်လို့ ကင်သုပ်လေးမှာလိုက်တယ်။ ကင်ထားပြီးသားကိုပြန်သုပ်ထားတယ်ဆိုပေမယ့် အကင်နံ့မွှေးမွှေးလေးက ပျောက်မသွားပါဘူး။ ပူစီနံအရွက် ကြက်သွန်နီတို့နဲ့ ရိုးရိုးရှင်းရှင်းလေးသုပ်ထားပေမယ့် အရသာတော်တော်ရှိပါတယ်။ အသားကကင်ထားတယ်ဆိုပေမယ့် ခြောက်မနေဘူး နူးညံပြီး ပူပူနွေးနွေးနဲ့ Juicy ဖြစ်နေတာကို ပါဝင်ပစ္စည်းတွေနဲ့ပေါင်းလိုက်တော့ ခံတွင်းလိုက်စေပြီး စားပြီးရင်းထပ်စားချင်ပါပဲ။

၅။ ထမင်း – ၁၀၀၀ ကျပ်


ထမင်းကို ထိုင်းရိုးရာပုံစံအတိုင်း တောင်း လေးနဲ့ထည့်ထားပါတယ်။ ထူးခြားတာကတော့ ကိုယ့်အိမ်မှာစားရသလို လိုသလောက်ကိုထည့်ဖြည့်ပေးမှာပါ။ လူတစ်ယောက်စာ အဝစား ၁၀၀၀ကျပ် ပါပဲ။
သောက်စရာအနေနဲ့က Cocktail တွေဖြစ်တဲ့
၆။ Minty Thai 47 ( ၅၀၀၀ကျပ် ) နဲ့ ၇။ Resberry Dream ( ၄၅၀၀ကျပ်)

 

Minty Thai 47 ကတော့ Mint leave အဓိကပါပြီးတော့ ပူရှိန်းရှိန်းခါးသက်သက်လေးပါ။ ခါးတယ်လို့ဆိုရလောက်အောင် ခါးတာတော့မဟုတ်ဘူးနော်။ ဘယ်လိုပြောရမလဲ ခံတွင်းရှင်းတယ်ပေါ့။ Resberry Dream ကကျတော့ Resberry Syrup အဓိကပါတယ်။ တစ်ငုံသောက်လိုက်တာနဲ့ ခံတွင်းထဲမှာမွှေးပြီး ကျန်နေခဲ့တာလေးတော့ မိုက်တယ်။ Cocktail ၂ ခုလုံးရဲ့ တူညီတဲ့အချက်ကတော့ ခုနကစားထားဝါးထားသမျှကို ရင်ချောင်စေပြီး ဗိုက်ထဲမှာအချိုပွဲအတွက် နေရာရလာတာပေါ့။

အချိုပွဲကတော့
၈။ ဒူးရင်းကောက်ညှင်း နဲ့ ၉။ ဒူးရင်းမလိုင် တို့ပါပဲ။ ( ၃၅၀၀ကျပ် )

 

၂ ခုလုံးမှာ အုန်းနို့ရည်ပါပါတယ်။ ကိုယ်တွေလိုအစားတစ်လိုင်းကတော့ သွေးတိုးရင်တောင် ဆေးသောက်လိုက်မယ် စားချင်တာတော့စားလိုက်ရမှ ကျေနပ်တာကိုး။ ဒူးရင်းကောက်ညှင်းမှာထားပြီးစိုးရိမ်တာတစ်ခုက ကောက်ညှင်းမာဆတ်ဆတ်ဖြစ်နေမှာစိုးတာ။ ဒါပေမယ့် စားကြည့်လိုက်တော့ ကောက်ညှင်းက အိအိလေးနဲ့ အရမ်းအဆင်ပြေပါတယ်။ သူငယ်ချင်းစားတဲ့ ဒူးရင်းမလိုင်ကလဲ မလိုင်စိမ့်စိမ့်လေးနဲ့ လိုက်ဖက်ပါတယ်။

ဒီ ၉ မျိုးထဲမှာ အကြိုက်ဆုံးကိုပြောပါဆိုရင်တော့အကုန်လုံးပဲလို့ပြောရမှာပါ။
စားပြီးသောက်ပြီးတော့မှပဲ ဘေးပတ်ဝန်းကျင်ကို စူးစမ်းမိတော့တယ်။ စေ့စပ်ပွဲလို အသေးစားအခမ်းအနားတွေလုပ်ချင်ရင်တော့ အပေါ်ထပ်မှာ ၂၂ ယောက်ဆံ့တဲ့ အခန်းရှိပါတယ်။ အစည်းအဝေးနဲ့ မိသားစုတွေလို သီးသီးသန့်သန့် စားချင်သူတွေအတွက် ၁၆ ယောက်ဆံ့တဲ့ အခန်း အပေါ်ထပ်မှာ ၂ ခန်း အောက်ထပ်မှာ ၁ ခန်းရှိပါတယ်။

 

သြော် Car Parking အတွက်လဲ စိတ်ပူစရာမလိုဘူး နေရာကျယ်ကျယ်ရှိတယ်နော်။
လိပ်စာကတော့ No.(308), Ahlone Road (Near Pyay Road), Dagon Township.
Reservation နဲ့အခြား Party ပွဲများအတွက်စုံစမ်းမေးမြန်းရန်
092 6161 9833, 092 6161 9844 သို့ဆက်သွယ်နိုင်ပါတယ်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။