အရသာကောင်းပြီး ဈေးတန်တဲ့ ဝက်သားသုပ်

ဒီတစ်ခေါက်မှာ လကုန်ရက်လည်းဖြစ်နေလို့ နည်းနည်းနဲကျဲကျဲဝိုင်းမယ့် ဘော်ဒါတွေအတွက် စားလို့ကောင်းတဲ့ Street Food ဆိုင်လေးတစ်ဆိုင်လမ်းညွှန်ပေးချင်ပါတယ်။

ရန်ကင်းဈေးကွေ့မှတ်တိုင်နားက တင့်ဆန်းလမ်းထိပ်မှာရောင်းတဲ့ ဝက်သားသုပ်ဆိုင်လေးပဲဖြစ်ပါတယ်။ Admin အဲ့ဘက်ကိုရောက်တိုင်း မကြာခဏဝင်စားဖြစ်တဲ့ဆိုင်ပါ။ အခေါက်အသားကင်သုပ်ကတော့ ခံတွင်းအတွေ့ဆုံးနဲ့ အကြိုက်ဆုံးပါ။ အသားအရသာကောင်းပြီး နေ့လည်ဖက်ဆို လာစားတဲ့သူတွေနဲ့ ပြည့်နေတတ်တဲ့ဆိုင်လေးပါ။ အူမကြီး အခေါက်ကင် အသား စွတ်ပြုတ် အစုံရပြီး စုံစုံစားချင်ရင်တော့ စောစောသွားသင့်ပါတယ်။

ဈေးနည်းနည်းနဲ့ အရသာရှိရှိစားချင်တဲ့သူတွေအတွက် အလင်းပြချင်တဲ့ဆိုင်လေးပါ ။ အခေါက်သားသုပ် – ၁၀၀၀ ဝက်ခေါင်းသုပ် – ၈၀၀ ထမင်းတစ်ပွဲ – ၁၀၀ အနားမှာ ဝက်သားသုပ်ဆိုင် ၂ ဆိုင်ရှိပြီး တင့်ဆန်းလမ်းထဲဝင်ဝင်ခြင်း ဘယ်ဘက်ခြမ်းက ဆိုင်လေးပါ။ သွားစားခဲ့ပြီးရင် မိတ်ဆွေတို့ရဲ့ အတွေ့ကြုံလေးပြန်လည်မျှဝေပေးပါဦးနော်

warmae.com logoView details of the store in warmae.com

IT (Botahtaung)

Address:
Corner of 53rd Street and Merchant Road,
Hours:
6:00 - 22:00