တာမွေမြို့နယ် ကျောက်မြောင်းကတော့ စားသောက်ဆိုင်ကောင်းတွေအများကြီးရှိတဲ့အတွက် နာမည်ကျော်ပြီးသားပါ။ အခုလဲ ထိုင်လို့ကောင်းတဲ့ ဆိုင်သစ်လေး တစ်ဆိုင်ကိုတွေ့ထားပါတယ်။ ဆိုင်နာမည်ကတော့ Spice Up ပါ။ ဆိုင်ရဲ့ထူးခြားချက်ကတော့ ဈေးနှုန်းသက်သာပြီး ဘာစားစား စားကောင်းပါတယ်။ နောက်ပြီး Wifi လဲအသုံးပြုနိုင်ပါတယ်။
စားဖြစ်ခဲ့တာတွေကတော့
၁။ မာလာရှမ်းကော (Single Set ) – 4500 ကျပ်

Single set မယူဘဲနဲ့ တခြားအသားအသီးအရွက် ကိုယ်ကြိုက်တာတွေကိုလည်း ရွေးပြီးမှာနိုင်ပါတယ်။ ဒီအတိုင်းမှာမယ်ဆိုရင်လည်း အသီးအရွက် အဆာပလာတွေမျှပါတယ်။ အရသာလဲအနေတော်ပါပဲ။ အစပ်ကြောက်ရင်တော့ နည်းနည်းလျှော့ဖို့ပြောလိုက်ပါ။
၂။ ဒိုင်းနမိုက်ကြက်ကြော် – ၃၀၀၀ ကျပ်

ဆိုင်ရဲ့ လူကြိုက်များဆုံး အမည်တစ်ခုဆိုလဲ မမှားပါဘူး။ ဒီဆိုင်ကိုရောက်ရင် မြည်းကြည့်စေချင်ပါတယ်။ အရသာကအပေါ်ကဆမ်းထားတဲ့ Mayonnaise ကြောင့် အီချင်သလိုလိုနဲ့ ကြက်သားထဲမှာပါတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကြောင့် ၀ါးလိုက်တိုင်းမွှေးပြီး နည်းနည်းလေးစပ်ပါတယ်။ အရသာတော်တော်စုံပါတယ်။
၃။ မာလာထမင်းကြော် – ၁၉၀၀ ကျပ်

ပုံမှာမြင်ရတဲ့အတိုင်းပဲ အသားအများကြီးပါပါတယ်။ အရသာကလဲ မာလာအရသာ စပ်စပ်လေးနဲ့ စားလို့ကောင်းပါတယ်။
၎။ အပ်မှိုဝက်သားပြားသုပ် – ၁၇၀၀ ကျပ်
ဒါလေးကလဲ ချဉ်ချဉ်စပ်စပ်လေးနဲ့ တစ်မျိုးစားကောင်းပါတယ်။ အပ်မှိုက အသားပြားတွေရဲ့အောက်ကိုရောက်နေလို့နော် နည်းနည်းလေးမဟုတ်ဘူး။
၅။ ဂျပန်ပဲသီး – ၁၅၀၀ ကျပ်

၆။ ဆိုဒါသခွားသီးဖော်ျရည် – ၁၅၀၀ ကျပ်

နဂါးမောက်သီးလေးတွေလဲပါတယ်။ အရသာကချိုချဉ်လေးပဲ။ အထဲက သခွားသီးအဖတ်လေးတွေ နဲ့ နဂါးမောက်သီး လေးတွေက ကျွတ်ကျွတ်လေးနဲ့ ၀ါးလို့ကောင်းတယ်။
ဆိုင်ရှေ့မှာ ထီးလေးနဲ့ သဘောင်္သီးထောင်းတို့ လဖက်ထမင်းတို့ကို အလွယ်တကူပါဆယ်ဝယ်လို့ရအောင် ဆိုင်လေးတစ်ခုထုတ်ထားသေးတယ်။
အရင်နေ့တွေကလဲ သင်္ဘောသီးထောင်း နဲ့ ပြောင်းဖူးထောင်းကိုစားဖြစ်သေးတယ်။ အရသာကတော့ ယိုးဒယားထောင်းစစ်စစ်ပါပဲ။ အချိုမှုန့်မသုံးပါဘူးတဲ့။ နောက်ပြီး သံပရာရည်ကို အသင့်သုံး Ready made သံပရာကိုသုံးတာမဟုတ်ဘဲနဲ့ သံပရာသီးစစ်စစ်နဲ့ ထောင်းပေးတော့ အနံ့မွှေးပါတယ်။
လိပ်စာကတော့ အမှတ် ၃၇ သတိပဋာန်လမ်း ကျောက်မြောင်း တာမွေမြို့နယ်ပါ။