ကိတ်မုန့်အတွက်ဆို SP Bakery ရှိတယ်

မြန်မာနိုင်ငံတစ်ဝန်း သန့်ရှင်းလတ်ဆတ်သောမုန့်များကို ဖြန့်ဖြူးရောင်းချနေတဲ့ ” စံပြမုန့်တိုက် ” ကို SP Bakery လို့လူသိများကြပါတယ်။ ဒီတစ်ပတ်မှာတော့ အသစ်စက်စက်ဖွင့်လှစ်ထားတဲ့ သာကေတ Capital Hyper Market မှာဖွင့်ထားတဲ့ဆိုင်ကို ရောက်ဖြစ်ခဲ့တယ်။

ကိတ်မုန့်၊ ပေါင်မုန့်၊ ရေခဲမုန့်အမျိုးစုံနဲ့ အစားအသောက်အမျိုးစားတော်တော်လေးစုံလင်တဲ့အပြင် သောက်စရာအနေနဲ့ Coffee၊ Milk Shake၊ Yogurt၊ Seasonal Juice မျိုးစုံရလို့ ရွေးချယ်စရာအတော်လေးများပါတယ်။

SP Bakery ရဲ့ ထူးခြားချက်တစ်ခုက ကိတ်ဒီဇိုင်းအဆန်းလေးတွေတော်တော်များများရှိတာကြောင့် မွေးနေ့ပွဲ၊ မင်္ဂလာပွဲလို ပွဲတွေအတွက် အော်ဒါမှာမယ်ဆိုရင် တော်တော်လေး အဆင်ပြေပါတယ်။ SP Bakery ကို ရန်ကုန်မှာ (၅) ဆိုင်၊ မန္တလေးမှာ (၆) ဆိုင်ဖွင့်လှစ်ထားပြီး နောက်ထပ်လည်း အချက်အချာကျတဲ့ မြို့ကြီးတွေမှာ ထပ်မံဖွင့်လှစ်သွားဦးမယ်လို့ သိရပါတယ်။

ဆိုင်နဲ့ပတ်သက်ပြီး သိချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် – 09 26538880, 01-400131 တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

warmae.com logoView details of the store in warmae.com

SP Bakery

Address:
No.56, Sayar San Road,
Hours:
7:00 - 22:00
Tel:
09265388880