မြန်မာ့ရိုးရာထမင်း၊ ဟင်းကောင်းကောင်းလေးတွေနဲ့ နေ့လည်စာ

အစားအသောက်နဲ့ပတ်သက်လို့ ဘယ်လိုထူးဆန်းတဲ့ အစားအသောက်တွေပဲ ပေါ်လာ ပေါ်လာ တချို့ကတော့ မြန်မာ့ရိုးရာထမင်းနဲ့၊ ဟင်းကို ဘယ်လို့မှ ပစ်ပယ်လေ့ရှိမှာမဟုတ်ပါဘူး။

ဒီတစ်ခေါက်မှာ မြန်မာ့ရိုးရာထမင်း၊ ဟင်းတွေရောင်းချနေတဲ့ အလုံက ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မြန်မာလူမျိုးအများစုစားလေ့ရှိတဲ့ ရိုးရာဟင်းပွဲပေါင်း ၂၀ ကျော်လောက်ထိ နေ့စဉ်ရပါတယ်။ အသား၊ အသီးအရွက် အစုံနဲ့ ရွေးချယ်စရာဟင်းပွဲအစုံရှိပါတယ်။

ဈေးအရမ်းမကြီးဘူးဆိုပေမယ့် ဟင်းချက်လက်ရာလည်း မညံ့ပါဘူး။ စားလို့ကောင်းတဲ့ ဟင်းအမျိုးစားတော်တော်လေးစုံလင်ပါတယ်။ ငါးပိရည်နဲ့ တို့စရာအစုံရှိပြီး ပဲနှပ်လိုဆိုင်တိုင်းမှာ မရနိုင်တဲ့ဟင်းတွေလည်းရပါတယ်။ အသီးအရွက်သုပ်ကောင်းကောင်းလေးတွေလည်း ရှိပါတယ်။

 

ဆိုင်နာမည်က ရွှေဖူးခိုင် မြန်မာထမင်းဆိုင်ဖြစ်ပြီး လိပ်စာက ဝေဘာဂီလမ်း၊ အလုံမြို့နယ်ဖြစ်ပါတယ်။ Lucky 7 လဘက်ရည်ဆိုင်ရှိတဲ့ လမ်းဘက်က၀င်ရင် ပိုနီးပါတယ်။

warmae.com logoView details of the store in warmae.com

Shwe Phue Khine

Address:
Wai Bar Gi Street
Hours:
9:00 - 17:00
Tel:
09257177977