ဂျပန်ခေါက်ဆွဲနှစ်သက်သူများအတွက် RAMEN NOODLE PROMOTION

ဂျပန်အစားအသောက်ကောင်းကောင်းနဲ့ ဂျပန်ခေါက်ဆွဲကောင်းကောင်းလေးတွေစားချင်တယ်ဆိုရင်တော့ PARKROYAL Yangon ပထမထပ်မှာရှိတဲ့ Shiki Tei Restaurant မှာ RAMEN NOODLE PROMOTION ရှိနေပြီလို့ သတင်းကောင်းပါးချင်ပါတယ်။

Chashu Ramen၊ Miso Ramen၊ Tonkatsu Ramen၊ Spicy Shoyu Ramen ဆိုတဲ့ ဂျပန်ခေါက်ဆွဲ အရသာလေးမျိုးထဲက ကြိုက်နှစ်သက်ရာတစ်မျိုးကို အသုပ်တစ်ပွဲ၊ ဖက်ထုပ်ကြော် တစ်ပွဲနဲ့အတူသုံးဆောင်နိုင်မယ့် set menu တစ်ခုဖြစ်ပါတယ်။

ခေါက်ဆွဲကို Soft-Medium-Hard ဆိုပြီး hardness ခွဲထားပေးတာကြောင့် နှစ်သက်သလိုမှာစားလို့ရပါတယ်။ Tonkatsu Ramen တစ်မျိုးသာ ၀က်သားတစ်မျိုးထဲနဲ့ရတာဖြစ်ပြီး ကျန်သုံးမျိုးစလုံးကို ကြက်သားရော ၀က်သားပါရလို့ ကိုယ်စားချင်တဲ့အသားနဲ့ စားလို့ရပါတယ်။

ဂျပန်လူမျိုး စာဖိုမှုးကိုယ်တိုင်ချက်ပြုတ်ထားတဲ့ အစားအစာတွေဖြစ်တဲ့အတွက် ဂျပန်စာစစ်စစ်စားလိုတဲ့သူတွေအတွက်ဆိုရင်တော့ လုံးဝအကြိုက်တွေ့မှာသေချာပါတယ်။ နောက်ထပ် ဒီ set menu ထဲမှာ အချိုရည် (သို့မဟုတ်) ဂျပန်စတိုင် ရေနွေး/အေး ပါဝင်တဲ့ တစ် Set ကို ဒေါ်လာ (၁၀)၊ မြန်မာငွေ ၁၃,၅၀၀ ကျပ် နဲ့သုံးဆောင်နိုင်ပါတယ်။ ဈေးအနေနဲ့က မများနေဘူးလားလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့ များပါတယ်။ ဒါပေမယ့် ဆိုင်နေရာအနေအထား၊ service၊ hygiene အနေအထားအားလုံးနဲ့ပြန်တွက်ကြည့်ရင် စားပျော်တဲ့ set menu တစ်ခုလို့ ညွှန်းချင်ပါတယ်။

ဒီ RAMEN NOODLE PROMOTION နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက +95 1 250 388 (Ext. 8119) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

warmae.com logoView details of the store in warmae.com

Shikitei

Address:
33.Alan Pya Pagoda Road,Parkroyal Hotel
Hours:
11:00 - 22:30
Tel:
1250388