ဈေးသက်သာပြီး စားရတန်တဲ့ ရှမ်းရိုးရာ နံနက်စာဘူဖေး

ဒီတစ်ခေါက်မှာ မြန်မာ့ရိုးရာအစားအသောက်ဆိုင်တွေထဲက ထူးထူးခြားခြား အစီစဉ်လေးတစ်ခုပြုလုပ်နေတဲ့ ” ရှမ်းရိုးရာ ” စားသောက်ဆိုင်ရဲ့နံနက်စာဘူဖေးလေးအကြောင်း ရေးချင်ပါတယ်။ ဒီဘူဖေးကတော့ ရှမ်းအစားအသောက် အမျိုးစားပေါင်း ၂၀ ကျော်ပါဝင်ပြီး တစ်ယောက်ကို ၅၀၀၀ ကျပ်ပါပဲ။ ဒီ ၅၀၀၀ မှာတော့ အခွန်နဲ့ ၀န်ဆောင်ခထည့်ပေါင်းလိုက်ရင်တော့ တစ်ယောက်ကို ၅၇၅၀ ကျပ်ကျသင့်မှာပါ။

အစားအသောက်အမျိုးအစားက အတော်လေးစုံလင်ပြီး ရှမ်းတောင်ပိုင်း မြောက်ပိုင်းဒေသတွေရဲ့
အစားအစာအစုံအလင်ရရှိနိုင်တာဖြစ်ပါတယ်။ အရသာရှိတဲ့ ရှမ်းအစားအသောက်အစုံလင်အပြင်
ဆိုင်ရဲ့ နံနက်စာမီနူးထဲက ကြိုက်နှစ်သက်ရာ တစ်မျိုးကိုလည်း ထပ်မံမှာစားခွင့်ရှိပါတယ်။

အကြံပြုချင်တာက ဒီလို ဘူဖေးမျိုးက အစားအသောက်အမျိုးအစားများတာကြောင့် တစ်မျိုးကို နည်းနည်းစီနဲ့ အမျိုးအစားစုံအောင် စားကြည့်သင့်ပါတယ်။

ဆိုင်ကဟင်းပွဲတွေမှာသုံးတဲ့ ဟင်းအနှစ်အရသာ၊ ဟင်းသီးဟင်းရွက်အရသာတွေကတော့ အရသာရှိပြီး ထူးထူးဆန်းဆန်းရှမ်းအစားအစာတွေလည်း ပါတာမို့ ရိုးရာအစားအသောက်ကို ကြိုက်တဲ့သူတွေ မဖြစ်မနေ try ကြည့်သင့်ပါတယ်။

ဘူဖေးမှာ ကော်ဖီ၊ လဘက်ရည် အချိုပွဲတွေလည်း အတော်လေးစုံလင်ပြီး သီးစုံအချိုပွဲတွေပါ
ပါဝင်ပါသေးတယ်။ ဒီဆိုင်အနေအထားနဲ့ အတော်လေးတန်တဲ့ နံနက်စာဘူဖေးလို့ သတ်မှတ်ချင်ပါတယ်။