ဈေးသက်သာတဲ့ မြောက်ပိုင်းရှမ်းအစားအစာတွေစားချင်လား

ရှမ်းအစားအစာဆိုတာက ရှမ်းလူမျိုးတင်မဟုတ်ပဲ ကျန်တဲ့တိုင်းရင်းသားတွေပါ နှစ်ခြိုက်စွာစားသုံးလေ့ရှိတဲ့ ရိုးရာအစားအစာတစ်ခုပါ။ ဒီတစ်ခေါက်မှာ စားဖြစ်ခဲ့တဲ့ စိန်မူဆယ် ရှမ်းဆိုင်လေးက မှတ်မှတ်ရရရှိနေလို့ ပြန်ပြီးဖောက်သည်ချချင်ပါတယ်။ ဆိုင်က စံပြရုပ်ရှင်ရုံ မျက်စောင်းထိုးနားလောက်က (၁၂) လမ်းထဲမှာရှိပြီး လမ်းထိပ်ပိုင်းလောက်မှာပဲရှိလို့ ရှာရတာ သိပ်မခက်ပါဘူး။

အရင်က Street Food ဆိုင်လေးအဖြစ်နဲ့ ရောင်းခဲ့ရာကနေ အခု ဆိုင်ခန်းနဲ့ ဖြစ်လာတာပါ။ ဆိုင်မှာရတဲ့ အစားအသောက်တွေက မြန်မာလူမျိုးတွေတော်တော်များများစားကြတဲ့ အစားအသောက်တွေဖြစ်ပြီး ရှမ်းအစားအစာတွေလည်း ရပါတယ်။

 မြေအိုးမြီးရှည်
မြေအိုးမြီးရှည်

စားဖြစ်တဲ့ မြေအိုးမြီးရှည်ဟင်းအရသာကတော့ စားရတာအီဆိမ့်မနေပဲ စားလို့ကောင်းတယ်။ တစ်ပွဲကို ၂၀၀၀ ကျပ်ဖြစ်ပြီး အရသာကောင်းပေမယ့် အသားပါတာတော့နည်းတယ်လို့ မှတ်ချက်ပေးချင်ပါတယ်။ စားရတာကြိုက်တဲ့အကြောင်းပြောရရင်တော့ အရသာချိုချိုလေးနဲ့ အသားအများကြီးပါတဲ့ ကြက်သားသုပ်ကိုပဲ ညွှန်းရမှာပါ။ ကလေးတွေစားမယ်ဆိုရင်တော့ အစပ်လျှော့ဖို့ မဖြစ်မနေပြောပါ။

 ကြက်သားသုပ်
ကြက်သားသုပ်

အများစုသိတဲ့ ပဲဟင်းရည်နဲ့ကြက်သားမဟုတ်ပဲ ပန်းကန်ပြောင်တဲ့ထိ စားဖြစ်ခဲ့တဲ့ ကြက်သားသုပ်က တစ်ပွဲကို ၂၅၀၀ ကျပ်ပါ။

တိုဟူးကြော်
တိုဟူးကြော်

ထပ်ပြီး သဘောကျမိတာက တိုဟူးကြော်ဖြစ်ပြီး တစ်ပွဲ ၁၀၀၀ ကျပ်နဲ့ စားရတာ အရသာရှိပါတယ်။

ဟင်းပွဲတွေစားပြီး အချိုပွဲအတွက် ရွေးချယ်ဖြစ်ခဲ့တာကတော့ Iced Milk Tea ဆိုတဲ့ နို့လဘက်ရည်ပါ။ လဘက်ရည်အရသာကို အေးအေးလေးသောက်ရတာကို သဘောကျတယ်။ တစ်ခွက် ၁၂၀၀ ကို ခွက်ကအကြီးနဲ့ဆိုတော့ တစ်ခွက်နဲ့တင် အချိုတည်းဖို့အတွက် အဆင်ပြေတယ်။

Iced Milk Tea
Iced Milk Tea

ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ ဘယ်မှာသွားစားရကောင်းမလဲလို့ စဉ်းစားနေတဲ့ မိတ်တွေအတွက် စိန်မူဆယ်ဆိုင်လေးအကြောင်း မျှဝေပေးလိုက်ပါတယ်။