အလုံမှာ စားသောက်ဆိုင်ကောင်းကောင်းတွေ အတော်များများရှိတဲ့အထဲက ဒီတစ်ပတ် ထိုင်းစာကောင်းကောင်းတွေရတဲ့ အလုံ၊ ငုဝါလမ်းက Sabai-Dee ဆိုတဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဆိုင်မှာရတဲ့ ထိုင်းစာတွေထဲမှာ ဒီတစ်ပတ်ရွေးချယ်စားဖြစ်ခဲ့တာက Red Curry ဆိုတဲ့ ဟင်းပွဲလေးပါ။ ထိုင်းစာတွေရဲ့ သဘာဝအတိုင်း ချဉ်စပ်အရသာလေးနဲ့ စားရတာ ချဉ်ချဉ်စပ်စပ် ရှူးရှူးရှဲရှဲ စားလို့ကောင်းပါတယ်။ Red Curry ကို ကြက်သား – ၃၅၀၀ ကျပ်၊ ပင်လယ်စာ ၄၅၀၀ ကျပ်နဲ့ ရောင်းချပေးပါတယ်။

နောက်ထပ် စားဖြစ်ခဲ့တာတစ်ခုက ပန်းငရုတ်ပွ၊ ကိုက်လန်တို့နဲ့ ရောစပ်ပြီးချက်ထားတဲ့ ထိုင်းစတိုင်ချဉ်စပ် ထိုင်းရိုးရာ ထမင်းကြော်ပါ။ ထိုင်းအရသာတော်တော်များများက မြန်မာလူမျိုးတွေရဲ့ အကြိုက်နဲ့သိပ်မစိမ်းလို့ စားရတာအဆင်ပြေပါတယ်။
အထူးအစီစဉ်အနေနဲ့ Warmae ကနေ ဒီ post မြင်ပြီး ဆိုင်မှာ သွားအားပေးမယ်ဆိုရင် free drink တွေပေးမယ့် အစီအစဉ်ရှိပါတယ်။ အစားတစ်လိုင်း သူငယ်ချင်းတွေလည်း သိအောင် မျှဝေပေးလိုက်ပါဦး။ ဆိုင်လိပ်စာက (အလုံမိုးကုတ်ကျောင်းတိုက်အနီး) ငုဝါလမ်း၊ အလုံမြို့နယ်ဖြစ်ပါတယ်။