BBQနဲ့ Hot Pot စားပြီး အေးအေးဆေးဆေး Chill ချင်တယ်ဆိုရင်တော့ Rangoon Grill and Chill ကိုညွှန်းပါရစေ။
Buffet စနစ်ဖြစ်ပြီးတော့ မနက် ၁၁နာရီမှ နေ့လည် ၃ နာရီအတွင်းကို ၅၉၅၀ ကျပ် ဖြစ်ပြီးတော့ ညနေ ၄ နာရီမှ ည ၁၀ နာရီအတွင်းကိုတော့ ၉၈၀၀ ကျပ်ဖြစ်ပါတယ်။

အသားတွေကိုတော့ ပုံမှန်ဖြည့်ပေးပါတယ်။ ဒါပေမယ့် အရံဟင်းတွေဖြစ်တဲ့ ထမင်းကြော်တို့ ခေါက်ဆွဲကြော်တို့မီချင်တယ်ဆိုရင်တော့ ခပ်စောစောလေးသွားတာပိုစိတ်ချရပါတယ်။
သဘာဝမီးသွေးနဲ့အကင်ဖိုဖြစ်တာကြောင့် လက်သွက်ဖို့လိုတယ်နော်။ အကျက်မြန်တော့ လက်မသွက်ရင်တူးသွားလိမ့်မယ်။

ဒါပေမယ့် ၀န်ထမ်းတွေက အရိပ်တကြည့်ကြည့်နဲ့ခပ်လှမ်းလှမ်းကနေပြီး တူးမယ့်အရိပ်အယောင်မြင်တာနဲ့ လာကူကင်ပေးလို့ တော်တော်အဆင်ပြေပါတယ်။ စားပွဲဝိုင်းမှာ အညှော်စုပ်စက် တတ်ပေးထားလို့ အရမ်းမညှော်ပါဘူး။
ဆိုင်မှာအမည်အသစ်နေနဲ့ Sauce နဲ့နှပ်ထားတဲ့ ၀က်သားပြားကိုလဲ စားဖြစ်အောင် စားခဲ့ပါလို့ပြောချင်ပါတယ်။ ချိုစပ်စပ်လေးနဲ့ တော်တော်စားကောင်းပါတယ်။ မွှေးလဲမွှေးတယ်။

အသားတွေအကုန်လုံးက အရွယ်ညီပြီး အနူးမြန်ပါတယ်။


Hot Pot လဲရပါတယ်။ Hot Pot ကိုတော့ ကိုယ်ထည့်ချင်တဲ့ အသားတွေကိုပြောလိုက်ရင် သူကကြိုတည်ထားပေးတယ်။ ကျက်တာနဲ့ ပန်းကန်လေးတွေနဲ့ထည့်ပေးတယ်။ Hot Pot အိုးကို စားပွဲပေါ်ချပြီး ကိုယ့်စိတ်ကြိုက်ချက်လဲရတယ်။ ကျွန်တော်ကတော့ သူတို့တစ်ခါတည်း ထည့်ပေးတာကိုပိုသဘောကျတယ် ။ ကင်လိုက် စားလိုက်နဲ့တင် တော်တော်လက်မလည်ဘူးဆိုတော့လေ။
ကျွန်တော်ကတော့ Hot Pot ထပ်စာရင် BBQ ကိုပိုကြိုက်ပါတယ်။ အချိုပွဲကတော့ အအေး နဲ့ ရေခဲမုန့် အသီးနဲ့ အချိုပွဲရပါတယ်။
လိပ်စာကတော့
Insein Branch – ရန်ကုန်-အင်းစိန်လမ်းမပေါ်.. သံလမ်းကားမှတ်တိုင်အနီး .. YUFC ဘောလုံးကွင်းမျက်နှာချင်းဆိုင်-09252653011.
Thingyangyun Branch – 2/25 လေးထောင့်ကန်လမ်း .. သုမင်္ဂလာအိမ်ယာ .. Junction Zawana အနီး သင်္ဃန်းကျွန်းမြို့နယ်- 09252538352.