စားကောင်းတဲ့ အစားအသောက်တွေ စုံလင်တဲ့ ဂျပန်ခေါက်ဆွဲဆိုင်

ဒီဆိုင်လေးက ဖွင့်ထားတာ ကြာပြီဖြစ်ပေမယ့် အခုမှ သွားစားဖြစ်ခဲ့တဲ့ဆိုင်လေးတစ်ဆိုင်ပါ။
Junction Mawtin က Ramen Monster ဆိုတဲ့ ဂျပန်ခေါက်ဆွဲဆိုင်လေးပါ။ အစားအသောက်
အရသာကောင်းပြီး ချဉ်ချဉ်စပ်စပ်အရသာကြိုက်တဲ့သူတွေ သဘောကျမယ့် ဆိုင်လေးတစ်ဆိုင်ပါ။

ကင်ချီခေါက်ဆွဲကို Seafood နဲ့စားဖြစ်ခဲ့ပြီး ပုစွန်ထုပ်၊ ပင်လယ်စာအစုံနဲ့ ခေါက်ဆွဲသား
နူးအိပြီး အရသာကောင်းပြီး တော်ယုံအစားများတဲ့သူတောင် တစ်ပွဲနဲ့ ဗိုက်ဝနိုင်မယ့် ဟင်းပွဲလေးပါ။
တစ်ပွဲကို ၆၀၀၀ ကျပ်ဖြစ်ပြီးဈေးနဲ့ အရသာတန်တယ်လို့ သတ်မှတ်ချင်ပါတယ်။

ဝက်သားပေါင်းဖက်ထုပ်ကလည်း အသားနူးညံ့ပြီး တွဲစားရတဲ့အချည်အရသာလေးကိုလည်း
သဘောကျမိတယ်။ တစ်ပွဲကို ၆ ခုပါပြီး အသားအရသာနဲ့ ဖက်ထုပ်အရသာက တော်တော်လေး
စားလို့ အဆင်ပြေပါတယ်။ တစ်ပွဲကို ၂၀၀၀ ကျပ်ဖြစ်ပါတယ်။

ချဉ်စပ်ခေါက်ဆွဲအရသာကတော့ ချဉ်စပ်ခရေဇီတွေ တကယ် try ကြည့်သင့်တဲ့ ဟင်းပွဲလေးပါ။
ဝက်သုံးထပ်သား၊ ကြက်ဥပေါင်းနဲ့ အရသာထူးထူးခြားခြား ဟင်းပွဲလေးပါ။ အစပ်အရသာကိုတော့
လျှော့မယ်၊ စပ်မယ်ဆိုတာကို သတိပေးဖို့တော့ လိုပါမယ်။ ပုံမှန်ကတော့ စပ်တယ်ဆိုပေမယ့်
မစားနိုင်လောက်တဲ့ထိ စပ်တဲ့အရသာတော့ မရှိပါဘူး။

ဆိုင်မှာ Home-made icecream လေးတွေရှိပြီး အသီးဖျော်ရည် ကောင်းကောင်းလေးတွေလည်း ရှိပါသေးတယ်။Ramen Challenge ဆိုတဲ့ Ramen ပွဲကြီးတစ်ပွဲကို မိနစ်နှစ်ဆယ် အတွင်း ကုန်အောင် စားနိုင်မယ်ဆိုရင်တော့Free စားခွင့်ရမယ့် ပျော်စရာ အစီစဉ်လေးလည်း ရှိပါတယ်။

Ramen Monster ဆိုင်က ဒီနေရာအပြင် Myanmar Plaza နဲ့ Hledan center တို့မှာလည်း ဆိုင်ခွဲတွေရှိတယ်လို့ သိရပါတယ်။