ပြင်ဦးလွင်ရောက်ရင် ဘယ်ဆိုင်တွေမှာ ဘာစားကြမလဲ

မကြာခင်မှာ ပိတ်ရက်တွေရောက်လာလို့ ခရီးတွေထွက်ကြတော့မယ်။ ဒီတစ်ခေါက်မှာ ပြင်ဦးလွင်သွားမယ်ဆိုရင် ဘယ်ဆိုင်တွေမှာ ဘာတွေစားကြရင်ကောင်းမလဲဆိုတာရယ် ပြင်ဦးလွင်က စားသောက်ဆိုင်ကောင်းကောင်းလေးတွေအကြောင်း ရေးချင်ပါတယ်။

ပထမဆုံး မနက်စာကနေစပြောရမယ်ဆိုရင် ပြင်ဦးလွင်ရဲ့ နာမည်ကျော် မောဓနု ရှမ်းရိုးရာ စားသောက်ဆိုင်အကြောင်း မဖြစ်မနေပြောရမယ်။ ရှမ်းအစားအစာကောင်းကောင်းတွေကြောင့် နာမည်တစ်ခုရပြီးသားဆိုင်ပါ။ ၀က်သားခြောက်မျှစ်ချဉ်ထမင်းကြော် ကလူစားများတယ်ဆိုလို့ စားဖြစ်ခဲ့တယ်။

အပြင်အဆင်လေးက တကယ့်ကိုစားချင့်စဖွယ်ဖြစ်ပြီိး တကယ်ကိုလည်း စားရတာအရသာကောင်းတယ်။ ဒီဟင်းပွဲကို မဖြစ်မနေဝေဖန်ရရင်တော့ နည်းတယ်လို့ ခံစားရတယ်။

ကျန်တဲ့အစားအသောက်တွေကတော့ အထူးတလည်ပြောစရာမလိုလောက်အောင် အဆင်ပြေတယ်။ ကော်ဖီနဲ့ မုန့်ဖက်ထုပ် အရမ်းကောင်းတယ်။ ရှမ်းစာတော်တော်များများစုံတယ်။

နေ့လည်စာအတွက်က ပြင်ဦးလွင်ဂေါက်ကလပ်ရှေ့က စန္ဒာလမ်းမှာရှိတဲ့ Feel ဆိုင်က လူကြိုက်အများဆုံးဖြစ်မှာပါ။

စားသောက်ဆိုင်နေရာကျယ်ဝန်းပြီး အစားအသောက်ကောင်းကောင်း၊ ဆိုင်ပုံစံကောင်းကောင်းလေးပါ။ တကယ့်ရှေးဟောင်းပုံစံ ပစ္စည်းတွေနဲ့ ခင်းကျင်းထားတဲ့ ဆိုင်ပုံစံလေးက တကယ့်ကို သဘောကျစရာကောင်းပါတယ်။ အစားအသောက်များနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုပါက ဆိုင်ဖုန်းနံပတ် – 085 23170 ကိုဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။ 

နောက်ဆိုင်တစ်ခုက အေးအေးချမ်းချမ်းရာသီဥတုမှာ ပူပူစပ်စပ်လေးတွေစားလို့ရမယ့် U&Me ဟော့ပေါ့ဆိုင်။ တစ်ယောက်ကို အ၀စား ၆၅၀၀ ကျပ်ဖြစ်ပြီး ပူပူစပ်စပ်နဲ့ အပီအပြင်ဆွဲလို့ရနိုင်တဲ့နေရာလေးပါ။ အသီးအရွက်အစုံ၊ အသားအစုံအလင်နဲ့ စားရတာ တန်ပါတယ်။

ဆိုင်လိပ်စာက ရွှေဘုံသာလမ်းနဲ့ သုမင်္ဂလာလမ်းကြား၊ ဝေဟင်စတိုးအနီးဖြစ်ပါတယ်။ ဖုန်းနံပတ် – 09 782840268 ကိုလည်း ဆက်သွယ်နိုင်ပါတယ်။ 

warmae.com logoView details of the store in warmae.com

Maw Danu

Address:
No.145, Block 28, Thuminglar Quarter Pyin oo lwin
Hours:
0:00 - 0:00
Tel:
0943062834