လူအတော်များများက နံနက်စာကို အကြောင်းအရာအမျိုးမျိုးကြောင့် ကောင်းကောင်းမစားဖြစ်ကြဘူး။ တချို့ဆို အလွန်တရာမှ အရေးပါလှတဲ့ နံနက်စာကိုတောင် skip လုပ်ပြီး နေ့လည်မှ တစ်ပေါင်းထဲစားတတ်ကြသူတွေတောင်ရှိတယ်။ တကယ်တော့ မလုပ်သင့်ပါဘူး။ နံနက်စာအတွက် ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်ကို တွေ့ထားတာမို့ လမ်းညွှန်ပေးချင်ပါတယ်။
ဆိုင်နာမည်က Princess Irrawaddy Breakfast Special ဆိုတဲ့ဆိုင်လေးပါ။ ဒီဆိုင်ကို လမ်းညွှန်ရခြင်းရဲ့ အဓိကအချက်ထဲမှာ ဆိုင်နေရာ သန့်ပြန့်တာ၊ အစားအသောက်တွေကို ကျန်းမာရေးနဲ့အညီချက်ပြုတ်ထားတာတွေက အဓိကပါပါတယ်။ မုန့်မှာရင် အကြာကြီးစောင့်နေစရာမလိုဘူး။
ဘယ်လိုအစားအသောက်တွေရလဲဆိုတော့ ဧရာဝတီမျှစ်ချဉ်ခေါက်ဆွဲ – ၂၀၀၀ ကျပ် လားရှိုးခေါက်ဆွဲ (ကြက်/၀က်) – ၂၀၀၀ ကျပ် တိုဟူးနွေး (ကြက်/၀က်) – ၂၀၀၀ ကျပ် ရှမ်းခေါက်ဆွဲ (ကြက်/၀က်) – ၂၀၀၀ ကျပ် မန္တလေးမုန့်တီ (နန်းကြီး/လတ်) – ၂၀၀၀ ကျပ် တို့လို မြန်မာ့ရိုးရာအစားအသောက်တွေအပြင် တခြားစားကောင်းတဲ့ အစားအသောက်တွေလည်း ရနိုင်ပါတယ်။ လဘက်ရည်၊ ကော်ဖီ နဲ့ ဒိန်ချဉ်တွေလည်းရတာကြောင့် ပြီးပြည့်စုံတဲ့ နံနက်စာအတွက်တော့ အဆင်ပြေလောက်ပါတယ်။
အချိုမှုန့်၊ ကြက်သားမှုန့်၊ စားအုန်းဆီတွေမပါတာကြောင့် ကျန်းမာရေးကို အဓိကထားတဲ့သူတွေအတွက် ရွေးချယ်သင့်ပါတယ်။ ဆိုင်ရဲ့ ၀န်ထမ်းတွေက ၀န်ဆောင်မှုကောင်းတယ်။ ဆိုင်မှာ မြန်မာမုန့်အချိုပွဲကို စီစဉ်ထားပေးတယ်။ ဆေးဝါးလည်းစီစဉ်ထားပေးပါတယ်။ ဆိုင်ဖွင့်ချိန်က နံနက် ၆ နာရီကနေ နေ့လည် ၁၂ နာရီအထိပဲမို့ စားချင်တယ်ဆိုရင်တော့ စောစောသွားဖို့လိုပါမယ်။