မြန်မာ့ရိုးရာထမင်း၊ ဟင်းကောင်းကောင်းလေးတွေရတဲ့ ဖိုးသာအောင်

အစားအသောက်နဲ့ပတ်သက်လို့ ဘယ်လိုထူးဆန်းတဲ့ အစားအသောက်တွေပဲ ပေါ်လာ ပေါ်လာ တချို့ကတော့ မြန်မာ့ရိုးရာထမင်းနဲ့၊ ဟင်းကို ဘယ်လို့မှ ပစ်ပယ်လေ့ရှိမှာမဟုတ်ပါဘူး။ ဒီတစ်ခေါက်မှာ မြန်မာ့ရိုးရာထမင်း၊ ဟင်းတွေရောင်းချနေတဲ့ ကြည့်မြင်တိုင် သီရိမင်္ဂလာဈေးဟောင်းရှေ့က ထမင်းဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဆိုင်က အရမ်းမကြီးလို့ အစားအသောက်မကောင်းဘူးလို့ မထင်လိုက်ပါနဲ့။ ဟင်းချက်အရသာမှာ စားဖူးတဲ့သူတိုင်းကြိုက်ကြပြီး အသားငါးဟင်းအစုံ ဟင်းပွဲပေါင်း ၃၀ ကျော်လောက်ထိ နေ့စဉ်ရပါတယ်။

ချက်ပြုတ်တဲ့ဟင်းပွဲတိုင်းအတွက် ပဲပိစပ်ဆီကိုသာအသုံးပြုထားပြီး စားသုံးသူတွေရဲ့ ကျန်းမာရေးအတွက်လည်း အာမခံတယ်လို့ဆိုပါတယ်။

ကြက်သားလိုင်းမှာဆိုရင် မြန်မာကြက်ကိုသုံးပြီး စားရတာအရသာ လေးလေးနက်နက်ရှိပါတယ်။ ပုဇွန်ထုပ်နဲ့ ထမင်းတစ်ခါပြင် ၃၀၀၀ ကျပ်၊ ငါးသားလောက်ပေါင်း ၂၅၀၀ ကျပ်ကနေ ၀က်သားဟင်း ၁၅၀၀ ကျပ်ပဲဆိုတော့ စားရတာလည်းတန်တယ်လို့ဆိုရပါမယ်။ ငါးပိရည်နဲ့ တို့စရာအစုံကလည်း ခံတွင်းမြိန်စေမှာပါ။

လိပ်စာက – အမှတ် ၅၀၆၊ ကမ်းနားလမ်း၊ သီရိမင်္ဂလာဈေးဟောင်းရှေ့၊ ကြည့်မြင်တိုင်မြို့နယ်။

warmae.com logoView details of the store in warmae.com

Phoe Thar Aung

Address:
အမှတ် ၅၀၆၊ ကမ်းနားလမ်း၊ သီရိမင်္ဂလာဈေးဟောင်းရှေ့၊ ကြည့်မြင်တိုင်မြို့နယ်။
Hours:
10:00 - 21:00
Tel:
01123453