ပင်လယ်စာ အမျိုးအစားစုံလင်စွာစားနိုင်တဲ့ Seafood ဘူဖေး

ဒီတစ်ပတ်မှာတော့ PARKROYAL Hotel ရဲ့ ပင်လယ်စာဘူဖေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာ၊ စနေနေ့တွေမှာ ပြုလုပ်တဲ့ Seafood Night မှာ King Crab၊ Crab၊ Lobsters၊ Sellfish၊ King Prawns၊ Pink Prawns စတဲ့ Seafood များက Featuring အနေနဲ့ပါဝင်ပြီး တခြား ဆက်စပ်တဲ့ အစားအသောက်မျိုးစုံလည်း ပါဝင်ပါတယ်။

Seafood Night ရဲ့ နောက်ထပ်ထူးခြားတာတစ်ခုက Local draught beer နဲ့ soft drink ကို free flow ပါဝင်တာပဲဖြစ်ပါတယ်။ Seafood နဲ့အတူ ခင်းကျင်းထားတဲ့ dessert အမျိုးအစားအစုံနဲ့ သစ်သီးအစုံလည်း ဒီဘူဖေးမှာ ပါဝင်ပါတယ်။ Seafood Night ဆိုတဲ့ နာမည်နဲ့လိုက်အောင် Imported Seafood တွေအားလုံးက ပင်လယ်စာကမ္ဘာထဲကို ရောက်သွားသလိုခံစားရစေတယ်။

ဒီဘူဖေးရဲ့ အဓိကအားသာချက်က အချိန်ကန့်သတ်ထားခြင်းမရှိတာကြောင့် ကိုယ်စားချင်တဲ့ အစားအသောက်ကို စိတ်အေးလက်အေး စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်။ တစ်ဦးကို USD 39 ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။

နောက်ထပ် ဘူဖေးတစ်ခုကတော့ Myanmar Seafood Market ပါ။ အပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး နေ့တိုင်းရှိပါတယ်။ BBQ Fish ၊ Seafood on ice၊ Seafood Carpaccio၊ Fish Carving နဲ့ soft drink ကို free flow ပါဝင် ပါတယ်။ Myanmar Seafood Market ကတော့ တစ်ဦးကို USD 29 ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။

လတ်ဆတ်တဲ့ ပင်လယ်စာမျိုးစုံကို တစ်နေရာထဲ စုံစုံလင်လင်နဲ့ စားလိုသူတွေအတွက် အမှတ် (၃၃)၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်မှာရှိတဲ့ PARKROYAL Hotel မှာ ရှိတဲ့ ပင်လယ်စာ ဘူဖေးများနဲ့ မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။ ဘူဖေးအစီစဉ်အသေးစိတ်ကို ဖုန်း – 01- 250 388 (Ext: 8122, 8121) သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး PARKROYAL member card holder များအတွက်လည်း 20% discount အထူးခံစားခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

warmae.com logoView details of the store in warmae.com

PARKROYAL

Address:
Alan Pya Phaya Road
Hours:
18:00 - 12:00
Tel:
01250388