Parami Pizza Express in Juncition City

parami pizza express in junction city customers are ordering

သိုက်ကလာတာလား အဲ့ဒါဆိုဗိုက်ဆာနေရောပေါ့ 😜

ဒဲ့ပဲပြောမယ် Junction City ကိုသွား ၅ လွှာကိုတတ် Food Streat ကို တစ်ပတ်ပတ်လိုက် ရောက်ပြီ Parami Pizza Express !

parami pizza express in junction city customers are ordering
Parami Pizza Express

ရောက်ရောက်ချင်းမြင်ရမှာက ကောင်တာပေါ်က နမူနာပြင်ပေးထားတဲ့ ဟင်းပွဲတွေပါ။ အစကမသိဘူး မှာရင်ချပေးဖို့ ကြိုပြင်ထားတာတွေထင်လို့။ မေးကြည့်တော့မှ မဟုတ်ဘူးတဲ့ မှာရလွယ်အောင် ချက်ပြုတ်ပြီး ပြထားပေးတာတဲ့ ။ ဆိုင်မှာအစားများတဲ့ ဟင်းပွဲတိုင်းကို ပြင်ထားပေးတာဆိုတော့ menu ကြည့်စရာတောင်မလိုတော့ဘူး ။ အင် မဟုတ်ဘူးနော် တကယ်ချက်ပြုတ်ထားတာ မယုံရင် နှိုက်မြည်းကြည့် ။ စတာဘာ စတာဘာ ။

Sample Dishes
Sample Dishes

စားမယ်သောက်မယ်ဆိုပြီး menu လေးတောင်းလိုက်တော့ ဟင်းပွဲတွေက ဈေးနှုန်းအနည်းဆုံး ၂၀၀၀ ၀န်းကျင်ကနေ ၆၀၀၀ ၀န်းကျင်ထိပဲ။ pizza တွေကျတော့ တစ်စိတ်ချင်းစီဆို ၂၀၀၀ကျပ် ၀န်းကျင် ၅ လက်မဆို ၃၀၀၀ကျပ် ၀န်းကျင်နဲ့ ၁၀ လက်မဆို ၆၀၀၀ကျပ် ၀န်းကျင်ဆိုတော့ မဆိုးပါဘူးပေါ့။

အဲ့ဒါနဲ့ပဲ Spaghetti Seafood ( 3800ks ), ငါးခူတစ်ကောင်လုံးကြော်ချက်ထားတဲ့ Whole Fish Rice ( 5800 ks ) , ဧရာမ ကြက်သားတုံးကြီးပါတဲ့ Chicken Milano Tikka ( 5200 ks ), နဲ့ ကိုယ့်အကြိုက် Pork Meat Ball Sub & Fries ( 4800 ks ) နဲ့ Margherita Pizza ( 5500 ks ) ကိုမှာလိုက်တယ်။

Spaghetti Seafood

အရင်ဆုံးလာချပေးတာကတော့ Spaghetti Seafood ပါ ။ oregano နံကြီးသိပ်မပြင်းဘူး ။ seafood ဆိုတဲ့အတိုင်း ပုစွန်နဲ့ ကင်းမွန်ပါတယ်။

Seafood Pasta with toast bread
Parami Pizza Seafood Pasta, Yummy!!

Whole Fish Rice

နောက်တစ်ခုက Whole Fish Rice သူကငါးခူကြီးကြီးတစ်ကောင်လုံးကို ကြော်ပြီးမှ အပေါ်ကအနှစ်ဆမ်းပေးထားပြီး ထမင်းပါတစ်ခါတည်းပါတယ်။ ထမင်းက ဒံပေါက်အရသာမျိုးပဲ ။ စလာချတည်းက အနံ့နဲ့ဆွဲဆောင်နေတာ။ 5800 ဆိုပေမယ့် အနံအရသာနဲ့ယှဉ်လိုက်ရင်တော့ တန်ပါတယ်ဗျာ။

Parami Pizza Express Whole Fish Rice plate , rice fish and corn is on the plate
Look! Whole Fish is on the plate

Chicken Milano Tikka

Chicken Milano Tikka ကလဲ ကိုယ့်အကြိုက်ပဲ ။ သူလဲ ခုနကဒံပေါက်လိုထမင်းနဲ့ပဲ။ ကြက်ရင်အုံပိုင်းအသားချည်းပဲကို လက်ဝါးလောက်ရှိတယ်။ ထမင်းတောင်မလိုဘူး ကြက်နဲ့တင်ဗိုက်ဝနေပြီ။

Chicken with curry source, rice and corn on the plate
Chicken Milano

Pork Meat Ball Sub & Fries

နောက်တစ်ခုကတော့ ဆိုင်ကိုစ၀င်လာတည်းက ပြင်ပြထားတာကိုကြည့်ပြီး ကိုယ်မျက်စိကျလို့မှာလိုက်တာ Pork Meat Ball Sub & Fries ပဲ။ အယ်စတုံ ၀က်သားလုံး ၃ လုံးကို Sauce နဲ့ Cheese တွေနဲ့ ပေါင်မုန့်မီးကင်ထဲ ညှပ်ထားတာ။ အာလူးချောင်းကြော်လဲပါသေးတယ်။ Sauce အရသာက Spaghetti နဲ့တူတယ်ဗျ။ စားဖြစ်တဲ့အထဲက အကြိုက်ဆုံးတစ်ခုလို့ပြောလို့ရတယ်။

Fries Poark Meat Ball and ketchup source
Pork Meat Ball Sub & Fries

Margherita Pizza

နောက်ဆုံးတစ်ခုကတော့ Margherita Pizza ပါ။ သူက itallian pizza ဖြစ်တဲ့အတွက် American Pizza တွေလို Dough မထူဘူး။ Dough ပါးတယ်။ အိတယ်။ ပေါ့ပေါ့ပါးပါးပဲ ။ ဒီ pizza ကသက်သက်လွတ်နော် Mozzarella Cheese , ပင်စိမ်းရွက်နဲ့ ခရမ်းချဉ်သီးတို့ပါတယ်။ သက်သက်လွတ်ဆိုပေမယ့်ပေါ့ပေါ့ပါးပါးနဲ့ တော်တော်လေးအရသာရှိပါတယ်ဗျာ။ အဲ pizza က ဒီတစ်မျိုးတည်းရှိတာမဟုတ်ဘူးနော် ။ တက္ကဆက်ကြက်သားပီဇာ၊ ဟာဝေယံပီဇာ၊ ပါပါရိုနီပီဇာ၊ ချိစ်လေးမျိုးစပ်ပီဇာ၊ ပင်လယ်စာပီဇာ ၊ ၀က်ပေါင်သားလွှာပီဇာ နဲ့ ပါရမီ ပီဇာ ဆိုပြီးတော့ရသေးတယ်။

parami pizza express Margherita Pizza
Margherita Pizza

Warmae Team ရဲ့အမြင်ကတော့ ဒီဆိုင်မှာ နိုင်ငံခြားသားတွေ လာစားတာတော်တော်များတဲ့အတွက် အရသာဟာ နိုင်ငံတကာစံချိန်မီတယ်လို့ ယုံကြည်ပါတယ်။ ဈေးနှုန်းဟာလည်း ဆိုင်ကောင်းဆိုင်သန့်တစ်ခုအနေ နဲ့ များတယ်လို့မဆိုနိုင်ပါဘူး။ တစ်ခုတော့ရှိတယ် ဒီဆိုင်က Food Streat ထဲမှာရှိတာမို့လို့ မစားခင် Card လေးတော့ အရင်ဖြည့်ရမယ်။ Card ခ ၁ ထောင် Depisite ထားရမယ် ။ ကိုယ်စားနိုင်မယ့်ပမာဏကို မှန်းပြီးထည့်ထားလိုက်တော့။ မှာပြီးတစ်ခါတည်း ဆိုင်မှာ Card လေးပေးပြီး ငွေရှင်းရုံဆိုတော့ အကြွေပြသနာမရှင်းရတော့ဘူးပေါ့။ စားပြီးသောက်ပြီးရင်တော့ ကောင်တာမှာ Deposite ၁ ထောင်အပါအ၀င် card ထဲကကျန်ငွေပြန်ထုတ်လို့ရပြီ။

သြော် တစ်ခုပြောဖို့ကျန်သေးတာက Card လုပ်တဲ့ကောင်တာနားက Board နဲ့ တွဲဓာတ်ပုံရိုက်ပြီး #PARAMIPIZZA ဆိုတဲ့ hash tag လေးပါထည့်ပြီး Post တင်ပေးမယ်ဆိုရင်တော့ ဆုလက်ဆောင်တွေပေးဦးမှာတဲ့။ ဘာဆုလဲတော့မပြောပြတော့ဘူး ။ သိချင်ရင် သွားကြည့်လိုက်နော်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။