ဒူးရင်းသီးခရေဇီတွေ အရောက်သွားသင့်တဲ့ဆိုင်

ဒူးရင်းသီးအရမ်းကြိုက်တဲ့သူရော နည်းနည်းကြိုက်တဲ့သူတွေရော မဖြစ်မနေအရောက်သွားသင့်တဲ့ဆိုင်လေးတစ်ဆိုင်အကြောင်း ပြောပြချင်ပါတယ်။ စားဖူးတဲ့သူတိုင်းက ဒူးရင်းကမ္ဘာဆိုပြီး တင်စားကြတဲ့ Paradise Bakery ဆိုင်လေးပါ။

စားဖူးတဲ့သူတော်တော်များများဆီက Good Recommendation ရထားတဲ့ ဆိုင်လေးတစ်ခုဆိုလည်း မမှားပါဘူး။ ဒီတစ်ခေါက်ဆိုင်ကိုရောက်ဖြစ်တုန်း စားခဲ့တဲ့ ဒူးရင်းနဲ့ပတ်သက်တာတွေကတော့ Durian Lava ၊ Durian Soup ၊ Grilled Durian ဆိုပြီး ပုံစံမတူတဲ့ ဒူးရင်းသီးမုန့် သုံးခုစားဖြစ်ခဲ့တယ်။

Durian Lava
Durian Lava

အရသာက အီဆိမ့်နေပြီး စားလို့တော်တော်လေး ကောင်းပါတယ်။ သွေးတိုးရှိတဲ့သူတွေအတွက်တော့ ကျန်းမာရေးအမြင်အရ ချင့်ချိန်စားဖို့ အကြံပြုပါရစေ။

ဆိုင်မှာ cake,coffee,cold drink,food menu အစုံလင်ရှိပြီး တခြားစားသောက်စရာတွေ လည်းရှိပါတယ်။ ကျွန်တော်ကတော့ Americano iced တစ်ခွက်နဲ့ ကြက်ဥလိပ်ကြော် ထပ်စားဖြစ်ခဲ့တယ်။

ဆိုင်ရဲ့ အပြင်အဆင်နဲ့ ၀န်ဆောင်မှုက ကောင်းတယ်လို့ အမှတ်ပေးရမှာဖြစ်ပြီး အားနည်းချက်တစ်ခုကတော့ ဆိုင်ခန်းကျဉ်းတာကြောင့် ကြပ်ကြပ်လေးထိုင်ရတာပါပဲ။ ဒါပေမယ့် ဆိုင်မှာ လူရှင်းတဲ့အချိန်ဆိုတော့ အဆင်တော့ပြေပါတယ်။

ဒီတစ်ခေါက်ရောက်သွားတဲ့ဆိုင်က အရင်ဖွင့်ထားတဲ့ အလုံက ဆိုင်ဖြစ်ပြီး နောက်ထပ်ဖွင့်ထားတဲ့ ကျောက်မြောင်းဆိုင်ကတော့ နေရာပိုကျယ်ပြီး ဓာတ်ပုံလည်း အေးဆေးရိုက်လို့ရတယ်လို့ သိရပါတယ်။