သန့်ရှင်းလတ်ဆတ်တဲ့ ရခိုင်စာနဲ့ ပင်လယ်စာဆိုင်

တောင်ဥက္ကလာ၊ မေတ္တာလမ်းမှာဖွင့်ထားတဲ့ ပန်းလှေဆိုတဲ့ဆိုင်လေးက ပင်လယ်စာကောင်းကောင်းလေးတွေနဲ့ ရခိုင်အစားအသောက်တွေကြောင့် နာမည်ကြီးနေတဲ့ ဆိုင်လေးတစ်ဆိုင်ပါ။

တံငါသည် ဟင်းပွဲ
တံငါသည် ဟင်းပွဲ

ဆိုင်မှာ လူကြိုက်အများဆုံးက seafood အစုံပါတဲ့ တံငါသည် ဟင်းပွဲလေးပါ။ ပုစွန်၊ ဂဏန်း၊ ကင်းမွန်၊ ခရု၊ ဂုံး၊ ငါး အစုံပါပြီး ချဉ်စပ်အရသာလေးနဲ့ ရှူးရှဲအရသာကြိုက်တဲ့သူ တွေ လုံးဝ လျှာလည်သွားစေနိုင်ပါတယ်။ ပင်လယ်စာအသားတွေက လတ်ဆတ်ပြီး အရသာရှိပါတယ်။ တစ်ပွဲကို (၆၀၀၀) ကျပ်ဖြစ်ပြီး ပါဝင်တဲ့အသားတွေနဲ့အရသာကြောင့် တန်တယ်လို့ ဆိုရမယ့်ဟင်းပွဲတစ်ခုလို့ ဆိုချင်ပါတယ်။

ပန်းဂဏန်းချဉ်စပ်အနှစ်ချက်
ပန်းဂဏန်းချဉ်စပ်အနှစ်ချက်

နောက်ထပ်အရသာရှိပြီး စားလို့ကောင်းတာတစ်ခုက ပန်းဂဏန်းချဉ်စပ်အနှစ်ချက်ပါ။ ဂဏန်းကို ရခိုင်ချက် ချက်ထားပြီး ဂဏန်းအသားထဲစိမ့်ဝင်နေတဲ့ ဟင်းအနှစ်အရသာက စားနေကျပုံစံမျိုးနဲ့မတူပဲ ကမ်းခြေတွေမှာစားရတဲ့ အရသာမျိုးကို ရစေပါတယ်။ တစ်ပွဲကို (၅၀၀၀) ကျပ်ပါ။

မရွတ်ခရုသုပ်
မရွတ်ခရုသုပ်
ပင်လယ်စာအစုံသုပ်
ပင်လယ်စာအစုံသုပ်

ပင်လယ်စာအသုပ်အနေနဲ့က မရွတ်ခရုသုပ်၊ ပင်လယ်စာအစုံသုပ်ဆိုပြီး ထူးခြားတဲ့ ရခိုင် အရသာလေးတွေနဲ့ ပင်လယ်စာချစ်သူတွေအတွက်တော့ အတော်လေးအကြိုက်တွေ့မိမှာပါ။

ပင်လယ်စာကုန်ကြမ်းတွေအားလုံးကို ရခိုင်ဘက်ကနေ တိုက်ရိုက်မှာယူပြီး ရောင်းချပေးတာကြောင့် လတ်ဆတ်မှုအတွက် စိုးရိမ်စရာမရှိပါဘူး။ ဆိုင်လိပ်စာက တောင်ဥက္ကလာ၊ မေတ္တာလမ်း မှာရှိပါတယ် ဆိုင်ဖုန်း 09421026457, 09423857392 ကိုဖုန်းဆက်ပြီး ဟင်းပွဲတွေကြိုမှာထားလို့လည်းရပါတယ်။ ဆိုင်မှာတကူးတကသွားစားဖို့ မအားဘူးဆိုရင်လည်း ဖုန်း – 09 966 600 600 ကိုဆက်ပြီး မှာယူနိုင်ပါတယ်။