OLEA Mediterranean Restaurant ရဲ့ High Tea menu အသစ်

ဒီတစ်ခေါက်မှာ ရန်ကုန်မြို့ရဲ့ ကြယ်ငါးပွင့်အဆင့် Hotel တစ်ခုဖြစ်တဲ့ Meliá Hotel မှာ ရှိတဲ့ OLEA Mediterranean Restaurant ရဲ့ High Tea menu အသစ်အကြောင်းလေး မိတ်ဆက်ပေးချင်ပါတယ်။

ဒီ High Tea menu အသစ်မှာ စပိန် Tapas မုန့်များ အပါအဝင်အရသာစုံလင်ပြီး အရည်အသွေးကောင်းမွန်တဲ့ Goat Cheese with Walnut and Strawberry၊ Mini Tuna Croissant၊ Mushroom Quiche စတဲ့ မုန့်အခုရေ သုံးဆယ်နီးပါး ပါဝင်ပါတယ်။ နောက်ထပ်ဒီ Menu ထဲမှာ လက်ဖက်ရည်၊ ကော်ဖီ ကို စိတ်ကြိုက်သုံးဆောင်ခွင့် Free Flow ပါဝင်ပါတယ်။

အစားအသောက်အသစ်တိုင်းကို try ကြည့်လိုတဲ့ Admin အတွက်တော့ Mediterranean food နဲ့ပတ်သက်ပြီး ပထမဆုံးမြည်းစမ်းခွင့်ရခဲ့ပါတယ်။ High Tea menu ထဲပါတဲ့မုန့်တွေရဲ့ အရသာက fresh ဖြစ်ပြီး စားရတာအတော်လေးအဆင်ပြေခဲ့တယ်။ အမြင်အရဆိုရင်တော့ ဗိုက်မ၀လောက်ဘူးထင်ရပေ့မယ့် တကယ်တမ်းစား ကြည့်တဲ့အခါမှ အတော်လေးစားယူလိုက်ရတဲ့အထိ ဗိုက်ပြည့်သွားတဲ့ အစားအသောက်တွေလို့ ဆိုချင်ပါတယ်။

နေ့လည် ၂ နာရီခွဲ ကနေ ညနေ ၄ နာရီခွဲအထိရောင်းချပေးတဲ့ ဒီ High Tea menu တစ် Set ကို ၁၉ ဒေါ်လာတည်းနဲ့ လူနှစ်ဦး သုံးဆောင်ခွင့်ပြုထားလို့ ချစ်သူစုံတွေသွားမယ်ဆိုရင်လည်း အရမ်း romantic ဆန်တဲ့နေရာပါ။ Private ဆန်ဆန်လေးဖြစ်လို့ အရေးကြီးလုပ်ငန်းကိစ္စဆွေးနွေးမယ်ဆိုလည်း သင့်တော်တဲ့အနေအထားရှိပါတယ်။

ဆိုင်ရဲ့ atmosphere က အဆင့်အတန်းအတော်လေးမြင့်ပြီး ဓာတ်ပုံရိုက်ဖို့ location ကောင်းလေးတွေလည်း တွေ့ခဲ့တယ်။ အစားအသောက်အသစ်အဆန်းတွေနဲ့ နေရာအသစ်အဆန်းတွေကို try ကြည့်လိုတဲ့သူတိုင်း OLEA ရဲ့ High Tea menu က celebrates လုပ်ဖို့အကောင်းဆုံးနေရာတစ်ခုလို့ ညွှန်းချင်ပါတယ်။ အသေးစိတ်နဲ့ ကြိုတင် booking လုပ်ဖို့ ဖုန်းနံပါတ် 01 934 5000 ကိုဆက်သွယ်လို့ရပါတယ်။