ပန်းဆိုးတန်းက ဈေးသက်သာတဲ့ ရခိုင်စားသောက်ဆိုင်

ဒီနိုင်ငံမှာတော့ ပူပူစပ်စပ်နဲ့ ရခိုင်အစားအစာကို လူကြိုက်များကြတယ်။ ရခိုင်အစားအစာကိုမှ ဈေးတန်တန်နဲ့ စားလို့ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်အကြောင်း ပြောပြချင်ပါတယ်။ ပန်းဆိုးတန်း Ruby Mart နဲ့ နီးပြီး တံတားအဆင်းမရောက်ခင်ဘေးမှာရှိတဲ့ မြောက်ဦးသား ရခိုင်မုန့်တီ ပင်လယ်စာနှင့် ရခိုင်ထမင်းဟင်း ဆိုင်လေးပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီးထမင်းသုပ်
ခရမ်းချဉ်သီးထမင်းသုပ်

ဆိုင်မှာ ရခိုင်အစားအသောက်အစုံလင်ရပြီး နေ့လည်လောက်ဆိုရင်တော့ စားတဲ့သူတွေအတော်လေး များတာကိုတွေ့ရပါတယ်။ ကျွန်တော်က အစပ်သိပ်မစားနိုင်တာကြောင့် ရခိုင်ထမင်းဟင်းကိုမစားဖြစ်ခဲ့ပဲ ခရမ်းချဉ်သီးထမင်းသုပ်ကို မှာစားဖြစ်ခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းရောက်လာတဲ့အခါမှာတော့ ကိုယ်မျှော်လင့်ထားသလို ခရမ်းချဉ်သီးအများကြီးမပါဝင်ပဲ ရိုးရိုးထမင်းသုပ်လိုပုံစံပဲတွေ့ရပါတယ်။ အရသာက အစပ်ဘက်နည်းနည်းသွားပါတယ်။ တစ်ပွဲကို ၈၀၀ ကျပ်ဖြစ်ပြီး စားလို့တန်တယ်လို့ပြောလို့ရပါတယ်။

ငါးနီတူသုပ်
ငါးနီတူသုပ်

ရခိုင်စားသောက်ဆိုင်တွေရောက်တိုင်း အမြဲမှာစားဖြစ်တဲ့ ငါးနီတူသုပ်ကလည်း တော်တော်လေးများပြီး ၂ ယောက်လောက်စားလို့ရပါတယ်။

ဝက်သားသုပ်
ဝက်သားသုပ်

နောက်ထပ်စားဖြစ်တဲ့ ၀က်သားသုပ်ကတော့ ကျွန်တော့်တစ်ယောက်ထဲရဲ့ အမြင်အရပြောရရင် သိပ်မကြိုက်ပါဘူး။ အရသာမကောင်းတာကိုဆိုလိုခြင်းမဟုတ်ပဲ ၀က်သားကို ဒီလိုပုံစုံနဲ့ သုပ်ထားတာက စားနေကျပုံစံနဲ့မတူသလိုခံစားရပြီး အရသာမတွေ့မိတာပါ။

အစပ်တွေစားပြီး အချိုတည်းဖို့အတွက် ထန်းလျှက်မုန့်လက်ဆောင်းလေးကတော့ အရမ်းကို အဆင်ပြေတယ်လို့ပြောချင်ပါတယ်။ အေးအေးလေးနဲ့ တစ်ခွက်ကို ၅၀၀ ပဲပေးရပြီး အစပ်တွေစားထားတဲ့ အရှိန်ကို ပြန်ပြေစေပါတယ်။ ဆိုင်နေရာက ပန်းဆိုးတန်းကုန်းကျော်တံတားဘေး၊ Ruby Mart မှ ၅ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပါပြီ။ ရခိုင်စာကြိုက်တဲ့သူတွေအတွက်တော့ စားလို့ကောင်းမယ့် ဆိုင်လေးတစ်ဆိုင်ကို လမ်းညွှန်ပေးလိုက်ပါတယ်။

warmae.com logoView details of the store in warmae.com

Mrauk U Thar

Address:
Near Panorama Hotel Yangon.
Hours:
8:00 - 20:00
Tel:
0000000