အပြင်အဆင်လှလှဒီဇိုင်းလေးတွေနဲ့ Mary’s

အပြင်အဆင်လှလှဒီဇိုင်းလေးတွေနဲ့ Mary’s ဆိုတဲ့ဆိုင်လေးကို ဆယ်လီတော်တော်များများ Check in လုပ်လေ့ရှိပြီး ဓာတ်ပုံတွေတင်ထားတာကြောင့် စိတ်ဝင်စားနေမိတယ်။ ဒီတစ်ခေါက်မှာ မနက်စာစားရင်း သွားလေ့လာဖို့အတွက် အရောက်သွားဖြစ်ခဲ့တယ်။

ဆိုင်က အရမ်းမကြီးပေမယ့် neat and tidy ဖြစ်ပြီး အေးဆေးသမားတွေအတွက် အဆင်ပြေတယ်လို့ဆိုရမှာပါ။

မနက်စာစားဖို့အတွက် ကော်ဖီတစ်ခွက်နဲ့ Half English Breakfast ကိုရွေးချယ်ဖြစ်ခဲ့တယ်။ ဘိုစာဆိုတော့ မြန်မာတွေအကြိုက်အရသာတော့မရှိတာအမှန်ပါပဲ။ ဒါပေမယ့် ဒီဟင်းပွဲထဲမှာပါဝင်တဲ့ ကြက်ဥ၊ Sausage ၊ ခရမ်းချဉ်သီးနဲ့ အားလူး၊ ပဲ စတာတွေက အာဟာရပြည့်ဝပြီး လုံလောက်တဲ့ နံနက်စာတစ်ခုဖြစ်စေမှာပါ။

Half English Breakfast
Half English Breakfast

အစားအသောက်နဲ့ပတ်သက်ပြီး သေးသေးလေး စိတ်တိုင်းမကျဖြစ်ခဲ့ရတာက Green Tea အတွက်ပါ။ ဒီထက်ပိုအရည်အသွေးကောင်းတဲ့ လဘက်ခြောက်ကိုသုံးသင့်တယ်လို့ အလွတ်သဘောအကြံပြုလိုပါတယ်။ မဟုတ်ရင် တစ်ခွက်ကို ၅၀၀ ပေးသောက်ရတဲ့ စားသုံးသူတွေအတွက်တော့ စိတ်ကျေနပ်မှုရရှိစေမှာမဟုတ်ပါဘူး။

ဆိုင်ရဲ့ အပြင်အဆင်လေးက သဘောကျဖို့ကောင်းပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် ပုံကောင်းကောင်းလေးတွေအများကြီးရနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုအကြံပြုလိုတာက ဆိုင်မှာ Photography Etiquette ဆိုတဲ့ စာတန်းကို မြင်သာထင်သာအောင် ထောင်ပြထားပါတယ်။ Only for personal use will be allowed ပါ။ ဓာတ်ပုံအတွက် သီးသန့်ရည်ရွယ်ပြီး Tripod တွေ reflector တွေနဲ့ ရိုက်မယ်ဆိုရင်တော့ အဆင်မပြေလောက်ပါဘူး။ ၀န်ဆောင်မှုပေးတဲ့ ၀န်ထမ်းတွေရဲ့ ဆက်ဆံမှုကိုလည်း အသိအမှတ်ပြုလို့ရတဲ့ ဆိုင်လေးတစ်ဆိုင်ပဲဖြစ်ပါတယ်။