အစားအသောက်စုံလင်ပြီး ဈေးနှုန်းချိုသာတဲ့ အိန္ဒိယစားသောက်ဆိုင်

ဒီတစ်ပတ်မှာ အစားအသောက်စုံလင်ပြီး ဈေးနှုန်းချိုသာတဲ့ တာမွေ၊ သတိပဌာန်လမ်းက Lumbini Garden အိန္ဒိယစားသောက်ဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Mutton Biryani
Mutton Biryani

အိန္ဒိယအစားအသောက် တော်တော်လေးစုံလင်ပြီး Mutton Biryani ဆိတ်သားဒံပေါက်လို စားနေကျဒံပေါက်နဲ့မတူတာမျိုးတွေလည်းရှိပါတယ်။ ဒံပေါက်ကို ကြိုပြီးချက်ထားတာမျိုးမဟုတ်ပဲ စားသုံးသူရှိမှချက်ပေးတာကြောင့် ပူပူနွေးနွေးစားလို့ကောင်းပါတယ်။ ဆိတ်သားအပြင် ကြက်သား၊ ပုစွန်နဲ့ သက်သက်လွတ်ဆိုပြီး ရွေးချယ်စားသုံးနိုင်ပါတယ်။

Chicken Tikka ကြက်ကင်
Chicken Tikka ကြက်ကင်

နောက်ထပ် အရသာရှိတဲ့အစားသောက်တစ်ခုက မဆလာ၊ ဒိန်ချဉ်နဲ့နှပ်ထားပြီး ကင်ထားတဲ့ Chicken Tikka ကြက်ကင်ပါ။ အရသာက အသားထဲအထိရှိပြီး ပုံမှန်ကြကက်သားကင်နဲ့မတူတဲ့ Indian Taste ဖက်ကိုသွားတဲ့ အကင်လို့ဆိုရပါမယ်။

အာလူးစမူဆာ
အာလူးစမူဆာ
တိုရှည်
တိုရှည်

စမူဆာကြိုက်တဲ့သူတွေအတွက်လည်း အာလူးစမူဆာတစ်ပွဲ ၆၀၀ ကျပ်နဲ့ စားရတာတစ်ပွဲဆို တစ်ယောက်အသာလေးဗိုက်ပြည့်ပါတယ်။ နောက်တစ်ခုစားလို့ကောင်းတာတစ်ခုက ပဲဟင်း၊ ခရမ်းချဉ်သီး Sauce ၊ အုန်းနို့အရသာသုံးမျိုးပါပြီး တစ်ပွဲကို ၈၀၀ ကျပ်နဲ့ရောင်းတဲ့ တိုရှည်ပါ။

နို့ခဲ Kadai Paneer ဟင်း
နို့ခဲ Kadai Paneer ဟင်း

ချဉ်စပ်အရသာကိုသဘောကျတယ်ဆိုရင်တော့ နို့ခဲ Kadai Paneer ဟင်းကိုစားကြည့်စေချင်ပါတယ်။ တစ်ပွဲ ၃၅၀၀ နဲ့အရသာထူးခြားမှုတစ်ခုပေးနိုင်တဲ့ ဟင်းပွဲတစ်ခုပါ။

အဓိကအစားအသောက်တွေအပြီးမှာ နို့ပေါင်းလဘက်ရည်နဲ့ မလိုင်ကလည်း စားပြီးအချိုတည်းမယ်ဆိုလည်းရပါတယ်။

warmae.com logoView details of the store in warmae.com

Lumbini Garden

Address:
No.40A, Thadi Pahtan Street,Tamwe Township.
Hours:
7:00 - 20:00
Tel:
09449803579