၃+၁ promotion အစီအစဉ်ရှိတဲ့ ကိုရီးယားအကင်ဆိုင်လေး

ကိုရီးယားအစားစားလို့ ပြောလိုက်တာနဲ့ Toppuki၊ မြေအိုးထမင်း၊ ကိုးရီးယားခေါက်ဆွဲနဲ့ ကင်ချီတို့ဆိုတာ လူတိုင်းရင်းနှီးနှီး သိကြပါတယ်။ ဇာတ်လမ်းတွေထဲက ကိုရီးယားသရုပ်ဆောင်တွေ စားနေတဲ့အစားအစာတွေကို လူတိုင်းစားဖူးကြမှာပါ။

ဒီတစ်ခေါက်မှာ ၃+၁ promotion အစီအစဉ်ရှိတဲ့ ကိုရီးယားအကင်ဆိုင်လေးအကြောင်းပြောပြချင်ပါတယ်။ ရန်ကုန် တောင်ဥက္ကလာ၊ ဝေဇယန္တာလမ်းက Little Korea BBQ ဆိုင်မှာ တစ်ဦးလျှင် ၁၅၂၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး Korea BBQ အ၀စားအစီစဉ်ဖြစ်ပါတယ်။

အစီစဉ်က နိုဝင်ဘာလ ၃၀ ရက်နေ့အထိဖြစ်တာကြောင့် လမကုန်ခင် ဘော်ဒါဘော်ကျွတ်တွေနဲ့ အမြန်ဆုံးလစ်လို့ရမယ့် ဆိုင်လေးတစ်ဆိုင်ကို လမ်းညွှန်ပေးလိုက်ပါတယ်။ Reserve လုပ်မယ့်သူတွေက 09 253120352, 09 772903242 ကိုဆက်ပြီး အကြောင်းကြားထားလို့ရတယ်လို့ သိရပါတယ်။ ဆိုင်လိပ်စာက – No 95H Wai Za Yan Tar Street , South Oakalapa ဖြစ်ပါတယ်။

warmae.com logoView details of the store in warmae.com

Little Korea BBQ

Address:
No 95H Wai Za Yan Tar Street , South Oakalapa,Yangon
Hours:
16:00 - 23:00
Tel:
09253120352