ပိတ်ရက်မှာ သွားစားနိုင်မယ့် ရန်ကုန်က ကိုရီးယားအကင်ဆိုင်လေး

ကိုရီးယားအစားစားလို့ ပြောလိုက်တာနဲ့ Toppuki၊ မြေအိုးထမင်း၊ ကိုးရီးယားခေါက်ဆွဲနဲ့ ကင်ချီတို့ဆိုတာ လူတိုင်းရင်းနှီးနှီး သိကြပါတယ်။ ဇာတ်လမ်းတွေထဲက ကိုရီးယားသရုပ်ဆောင်တွေ စားနေတဲ့ အကင်ကို ရန်ကုန်မှာစားလို့ရတယ်ဆိုရင် မအံ့သြပါနဲ့။

ရန်ကုန် တောင်ဥက္ကလာ၊ ဝေဇယန္တာလမ်းက Little Korea BBQ မှာ ကိုရီးယားရိုးရာအသားကင်အစုံနဲ့ ဟင်းလျာတွေကို စားလို့ရနေပါပြီ။ ဆိုင်မှာရတဲ့ဟင်းပွဲတွေက အစုံရှိပြီး ကျောက်အိုးဟင်းပူ၊ ကိုရီးယားပဲခေါက်ဆွဲ၊ ကြက်သား(ပိဆော့အနှစ်)၊ အတွင်းမိုးခိုသား၊ ၀က်ဂုတ်သားလိပ်၊ ပင်လယ်စာအစုံ ဆိုတော့ ဘာစားချင်လဲဆိုတာသာ စဉ်းစားလိုက်ယုံပါပဲ။

အစားအတွက် ကိုရီးယားရိုးရာ ဟင်းပွဲပေါင်း ၅၀ ကျော်ရှိပြီး အသောက်အတွက်ဆိုရင်တော့ ၀ိုင်၊ Fresh Juice နဲ့ Soju တွေပါရလို့ အတော်လေးအဆင်ပြေပါတယ်။ warmae မိတ်ဆွေတွေလည်း ဒီရုံးပိတ်ရက်မှာ ကိုရီးယားအကင်လေးနဲ့ အစားအစာတွေစားရင်း ဆိုဂျူးလေးသောက်မယ်ဆိုရင်တော့ ဒီဆိုင်လေးကို သွားဖို့ တိုက်တွန်းပါရစေ။

warmae.com logoView details of the store in warmae.com

Little Korea BBQ

Address:
No 95H Wai Za Yan Tar Street , South Oakalapa,Yangon
Hours:
16:00 - 23:00
Tel:
09253120352