ကြည့်မြင်တိုင်က လက်ခ်ျမီး ချစ်တီးထမင်းဆိုင်

စားခဲ့ဖူးတဲ့ ချစ်တီးဆိုင်တွေတော်တော်များများထဲမှာ စေတနာနဲ့ဝန်ဆောင်မှုကောင်းတယ်လို့ ဆိုရမယ့်
နတ်စင်လမ်းက လက်ခ်ျမီးထမင်းဆိုင်အကြောင်းပြောပြချင်ပါတယ်။ ဟင်းချက်အရသာကောင်းပြီး
ဈေးမကြီးတာကြောင့် ဒီဆိုင်လေးကို သဘောကျမိတဲ့စာရင်းထဲ ထည့်ထားချင်တယ်။

ဆိုင်အရမ်းကြီး ကြီးတာမဟုတ်လို့ စားမကောင်းနိုင်ဘူးလို့ အထင်သေးမိခဲ့တာတောင် အားနာမိတယ်။
ဆိတ်သားကြော်နဲ့အတူတူတွဲချပေးတဲ့ အရံဟင်းတွေကလည်း တကယ့်ကိုရှယ်ပဲလို့ဆိုရပါမယ်။
အမျိုးအစားစုံလင်ပြီး ကုန်တာနဲ့ ထပ်တောင်းလို့ရပါတယ်။

ချစ်တီးထမင်းကြိုက်တဲ့သူတွေအတွက် မဖြစ်မနေ try ကြည့်သင့်တဲ့ ဟင်းပွဲတွေလည်း တော်တော်စုံလင်ပါတယ်။ ဆိုင်မှာ ထူးခြားတာတစ်ခုက ချစ်တီးထမင်းကို ငှက်ပျောရွက်နဲ့လည်း စားချင်ရင် စားလို့ရပါတယ်။

နောက်တစ်ခုက သတ်သတ်လွတ်စားမယ့်သူတွေအတွက်လည်း သတ်သတ်လွတ်ဟင်းကောင်းကောင်းတွေရနိုင်ပါသေးတယ်။ ဆိမ့်ဆိမ့်လေးနဲ့ ပါပလာကြော်အရသာကလည်း အတော်လေး စားလို့ကောင်းတယ်။ ဆိုင်ရဲ့ဟင်းချက်အရသာက မိသားစုဆိုင်လို တစ်နိုင်တစ်ပိုင်လေးဖြစ်တာကြောင့် စားရတာအဆင်ပြေပါတယ်။

အချိုပွဲအတွက် ငှက်ပျောသီး၊ ထန်းလျှက်တို့ကလည်း အဆင်သင့်ရှိနေပါသေးတယ်။ ဒါမှမဟုတ် သောက်စရာတစ်ခုခုအတွက်ဆိုရင်တော့ ဒိန်ချဉ်လည်းရပါသေးတယ်။

ကဲ ချစ်တီးထမင်းစားချင်တဲ့သူတွေအတွက် ကြည့်မြင်တိုင်၊ နတ်စင်လမ်းက ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်ကို လမ်းညွှန်ပေးလိုက်ပါတယ်။ ချစ်တီးထမင်းကြိုက်တဲ့ မိတ်ဆွေတွေကိုလည်း ဒီဆိုင်လေးအကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါဦး။