အနောက်တိုင်းစာ၊ ထိုင်းစာမှာ နာမည်ကြီးတဲ့ J.5 Cafe & Restaurant

ဒီတစ်ပတ်မှာ ဘယ်သွားစားရင်ကောင်းမလဲလို့ တွေးနေတဲ့ မိတ်ဆွေအတွက် ဂျပန်သံရုံးနားက ၀င်္ကဘာလမ်းထဲမှာဖွင့်ထားတဲ့ J.5 Cafe & Restaurant အကြောင်းလေး မျှဝေပေးပါမယ်။ ဒီဆိုင်က အစားအသောက်ကောင်းကောင်းကို အေးအေးဆေးဆေးစားလိုတဲ့သူတိုင်းအတွက် အဆင်ပြေမယ့်နေရာလို့ ဆိုချင်ပါတယ်။

ဆိုင်မှာအဓိက ရောင်းချတဲ့အစားအစာက အနောက်တိုင်း အစားအစာနဲ့ ထိုင်းအစားအစာဖြစ်ပြီး ဈေးနှုန်းက ၄၅၀၀ ကနေ ၁၀၀၀၀ ပတ်ဝန်းကျင်မှာ ရှိတယ်။ ၀က်နံရိုးကို ကင်ပြီး ပျားရည်းနဲ့ နှပ်ထားတဲ့ Honey Pork Ribs က J.5 ဆိုင်ရဲ့လူကြိုက်များတဲ့ ဟင်းပွဲတစ်ခုပါ။ ပျားရည်အချိုဓာတ်က အသား ထဲစိမ့်ဝင်နေပြီး နူးနူးအိအိနဲ့ စားလို့ကောင်းပြီး လူတိုင်းသဘောကျမယ့် Main Dish တစ်ခုပါ။

အရသာ ချဉ်ချဉ်စပ်စပ်နဲ့ စားလို့ကောင်းတာက ကက္ကတစ်ငါးကိုကြော်ပြီး Tom Yam Sauce ဆမ်းထားတဲ့ Tom Yam Seabass ဟင်းပွဲပါ။ ဒီဟင်းပွဲကတော့ အချဉ်အစပ်ဘက် ပိုရောက်လို့ မိန်းကလေးတွေတော်တော်များများ ကြိုက်ကြပါတယ်။

ထိုင်းနဲ့ ဥရောပက ဟင်းပွဲတွေတော်တော်လေးစုံလင်ပြီး ပင်လယ်စာအမျိုးစုံလည်းရှိပါတယ်။ Drink Menu မှာ Vodka၊ Gin၊ Rum ၊ Tequila၊ Wine နဲ့ ကော်ဖီမျိုးစုံရလို့ စားဖို့အတွက်ရော သောက်ဖို့အတွက်ပါ စိတ်မပူရတော့ဘူး။ သွားဖူးတဲ့သူတိုင်းရဲ့ အမှတ်ပေးကောင်းကောင်း ရထားတဲ့ဆိုင်လေးဖြစ်တာကြောင့် မရောက်ဘူးသေးရင် တစ်ခါလောက် သွား try ကြည့်သင့်ပါတယ်။