ဒီနေ့ရေးမယ့် ဆိုင်လေးကတော့ ဂျပန်သံရုံးနားမှာ ဖွင့်ထားတဲ့ J.5 Bar & Grill ဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာက ဂျပန်သံရုံးနားက ၀င်္ကဘာလမ်းလေးထဲမှာ..။ ဆိုင်ရဲ့ ပုံစံကအေးအေးဆေးဆေး နဲ့ တိတ်တိတ်ဆိတ်ဆိတ် လေးပဲ။ ဆိုင်က ပထမထပ် နဲ့ ဒုတိယထပ် နှစ်ထပ်ရှိပြီး ဒုတိယထပ်က အနည်းငယ် နိမ့်တဲ့အတွက် ကျွန်တော်တို့ကတော့ ပထမထပ်မှာပဲ ထိုင်ခဲ့တယ်။
ဆိုင်မှာအဓိက ရောင်းချတဲ့အစားအစာက အနောက်တိုင်း အစားအစာနဲ့ ထိုင်းအစားအစာဖြစ်ပြီး ဈေးနှုန်းက ၄၅၀၀ ကနေ ၁၀၀၀၀ ပတ်ဝန်းကျင်မှာ ရှိတယ်။ အဲ့ထဲမှာ ကျွန်တော်ရဲ့ Favourite ကတော့ ကက္ကတစ်ငါးကိုကြော်ပြီး Tom Yam Sauce ဆမ်းထားတဲ့ Tom Yam Seabass (၈၅၀၀ ကျပ်) ။ အရသာ ချဉ်ချဉ်စပ်စပ်နဲ့ ခံတွင်းတော်တော် တွေ့ခဲ့တယ်။
နောက်တစ်ခု recommend ပေးချင်တာကတော့ Honey Pork Ribs (၈၅၀၀ ကျပ်) ။ ၀က်နံရိုးကို ကင်ပြီးမှ ပျားရည်းနဲ့ နှပ်ထားတာလို့ ပြောပြတယ်။ ပျားရည် ချိုချိုလေးနှင့် ၀က်နံရိုးက တော်တော်လေးလိုက်ဖက်တယ်ခင်ဗျ။ နောက်ပြီး ပျားရည်ကြောင့်ပဲလားမသိ အသားကပိုပြီးနူးသွားတယ်လို့ ခံစားမိတယ်။
Cocktail အပိုင်းမှာတော့ ဆိုင် recommand ပေးထားတာက Vodka ၊ နဂါးမောက်သီး တို့ ရောဖျော်ထားတဲ့ Dragon Fly(၅၀၀၀ကျပ်) ။ အ၀င်နည်းနည်းခက်ပေမဲ့ အရသာ အဆန်းလေးတော့ ဖြစ်ပါတယ်။ နောက်ပြီး ဆိုင်မှာက ည ၄နာရီ ကနေ ၈နာရီ အတွင်း Heineken Beer “buy two get one” ရတယ်ဗျ။
လိပ်စာ- Room I,J.Building No. 4. Wingabar Street.Bahan Township
ဖုန်း- 09 513 5660
Fb- https://www.facebook.com/jfivebar/







