Hot Pot နဲ့ BBQ ကို Buffet အ၀စားရမယ့် Hot Pot King

HOT POT KING outside

တောင်ဥက္ကလာ သစ္စာလမ်းမပေါ်မှာရှိတဲ့ Hot Pot King ကို သိကြမယ်လို့ထင်ပါတယ်။ ကျယ်ဝန်းတဲ့ ကားပါကင်နေရာရှိပြီးတော့ ဆိုင်မှာ လူ ၄၀၀ ကျော် အတွက် နေရာရှိပါတယ်။ လွတ်လွတ်လပ်လပ်စားသောက်လို့ရတဲ့ VIP room တွေလဲရှိပါတယ်။

 

ဒီဆိုင်ရဲ့ထူးခြားချက်တွေကတော့ အသားငါးနဲ့ ပင်လယ်စာတွေကို Hot Pot အတွက် သက်သက် BBQ အတွက် သက်သက် အရသာနှပ်ထားပေးပါတယ်။ ပင်လယ်စာစုံတာကိုတော့ တော်တော်သဘောကျပါတယ်။ သွေးဂုံး၊ ဂုံး၊ ဂဏန်း၊ ပုစွန်၊ ကင်းမွန် တို့ပါပါတယ်။

အကင်ပိုင်းကိုအရင်ပြောရမယ်ဆိုရင် အကင်မီးဖိုဟာ မီးအေးအေးနဲ့ တဖြည်းဖြည်းချင်းပူလာတာဖြစ်တဲ့အတွက် အသားတွေကို အလွယ်တကူ တူးသွားတာမျိုးမရှိပါဘူး။

Hot Pot အရေအနေနဲ့ကတော့ အချဉ် အစပ် ချဉ်စပ် စသဖြင့်အရသာတွေကိုရွေးချယ်လို့ရပါတယ်။ Hot Pot ထဲထည့်တဲ့အရွက်တွေလဲ တော်တော်စုံစုံလင်လင်ရှိပါတယ်။

အရံဟင်းအနေနဲ့ ထမင်းကြော်၊ ကြာဇံကြော်၊ ၀က်နံရိုးကြော်၊ ဖက်ထုပ်ကြော်၊ ကြက်သားအကြွပ်ကြော်၊ မန်ထိုကြော်တို့လဲ ရပါတယ်။

Hot Pot ဟင်းရည်ကတော့ လိုချင်တဲ့အရသာကို အချိုအစပ် စသဖြင့်မှာလို့ရပါတယ်။

အကင်မှာ ပုံမှာမြင်ရတဲ့အတိုင်း မီးဖိုဟာ အပူကိုအသားထဲစိမ့်ဝင်တဲ့စနစ်ဖြစ်တာကြောင့် မီးခိုမွှန်ခြင်း၊ မီးထတောက်ခြင်းတို့မရှိပါဘူး။ ကင်ဖို့အသင့်အနေအထားရောက်ဖို့တော့ အချိန်နည်းနည်းစောင့်ရပါတယ်။ ဘေးနားမှာ လိုအပ်ရင်ထည့်ဖို့ သံလွင်ဆီဘူးလဲပေးထားပါတယ်။

စားပါဦး။

 

အချိုပွဲအနေနဲ့ အသီး ဂျယ်လီ ကျောက်ကျော် အအေးတို့ရှိပါတယ်။ အချိုပွဲ menu ကတော့ တစ်ရက်နဲ့တစ်ရက် အပြောင်းအလဲရှိတယ်လို့သိရပါတယ်။

Warmae ကတော့ နေရာကျယ်ဝန်းမှုနဲ့ သန့်ရှင်းမှုကိုလဲသဘောကျပါတယ်။ အကင်မီးဖိုလဲအဆင်ပြေပါတယ်။ Hot Pot ဟင်းရည်ကတော့ ခပ်ပေါ့ပေါ့စားတတ်သူဆို ပိုကြိုက်ပါလိမ့်မယ်။ အကင်နဲ့ Hot Pot အပြင်ကို အရံဟင်းအနေနဲ့ မန်ထိုကြော်၊ နံရိုးကြော်၊ ကြာဆံကြော်၊ ထမင်းကြော်၊ ဖက်ထုပ်ကြော်တို့လဲစားကောင်းပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ တစ်ယောက်ကို ၁၃၈၀၀ ကျပ်ပါ။ အချိန်မကန့်သတ်ထားတဲ့အတွက် ပိတ်ရက်မှာ အေးအေးဆေးဆေးသွားစားဖို့ သင့်တော်ပါတယ်။ Buffet စနစ်ဆိုတော့ ယူထားပြီးမကုန်လို့ကျန်နေတဲ့ အစားအသောက်တွေအတွက် ၅၀၀၀ မှ ၁၃၀၀၀ အတွင်း အနည်းအများအပေါ်မူတည်ပြီး ထပ်မံပေးဆောင်ရမှာပါ။

လိပ်စာကတော့ အမှတ် ၂၆၊ ၂၇ သစ္စာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ပါ။

ကြိုတင်နေရာမှာဖို့အတွက် – ၀၉၇၇၇၇၇၇၀၀၈၊ ၀၉၇၇၇၇၇၇၉၀၉၊ ၀၉၇၇၇၇၇၇၈၈၃ တို့ကိုဆက်သွယ်နိုင်ပါတယ်။

 

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။