လတ်ဆတ်သောပင်လယ်စာ၊ ရှမ်းစာ၊ ထိုင်းစာကောင်းကောင်းစားမယ်ဆိုရင်

ဒီတစ်ခေါက်မှာ ပင်လယ်စာတွေနဲ့ ရှမ်းစာ၊ ထိုင်းစာ အရသာကောင်းကောင်းစားလိုတဲ့သူတွေ
တကယ့်ကိုအကြိုက်တွေ့စေမယ့်ဆိုင်တစ်ဆိုင်အကြောင်း ပြောပြချင်ပါတယ်။အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမှာရှိတဲ့ Sai Kham Sam Shan & Thai Restaurant မှာ ရှမ်းစာ၊ ထိုင်းစာတွေကိုအဓိကထားပြီး ရောင်းချပေးပါတယ်။

ဆိုင်မှာလူစားများတဲ့ Seafood သံပုရာအိုး အကြောင်းလေးစပြောချင်တယ်။ ဟင်းပွဲကိုကြည့်လိုက်တာနဲ့တင်လုံးဝစားချင်စိတ်ပေါက်သွားနိုင်တယ်။ ဟင်းပွဲထဲမှဘာတွေပါလဲဆိုတော့ ဂဏန်း၊ ရေချိုပုဇွန်ထုပ်၊ ကင်းမွန်၊ ငါး၊ ဂုံး အစုံပါတယ်။ အသားလတ်ဆတ်မှုကိုတော့ဆိုင်က ရဲရဲကြီးအာမခံချက်ပေးထားလို့ စားမကောင်းမှာတော့ မစိုးရိမ်ရဘူး။ ဟင်းရည်ချဉ်စပ်လေးနဲ့ လတ်ဆတ်တဲ့ပင်လယ်စာတွေကြောင့် ဒီဟင်းပွဲလူကြိုက်များတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။

Seafood သံပုရာအိုး
Seafood သံပုရာအိုး

ပေါ်ပြုလာဖြစ်တဲ့ Seafood နောက်ဟင်းပွဲတစ်ခုက ရိုးရာ Seafood ချဉ်စပ်ချက်ပါ။ ဟင်းအနှစ်အရောင်တောက်တောက်လေးနဲ့ ငရုတ်သီးထိုးထိုးထောင်ထောင်လေးတွေက တကယ့်စားချင်စရာပုံစံ။ ဒီဟင်းပွဲကိုလည်းSeafood ကြိုက်သူများနဲ့ လုံးဝကွက်တိပဲလို့ ဆိုချင်ပါတယ်။

ရိုးရာ Seafood ချဉ်စပ်ချက်
ရိုးရာ Seafood ချဉ်စပ်ချက်

နောက်ဆုံးစားခဲ့တဲ့ ရှမ်းအစားအစာ ကျိုင်းတုံငါးကင်ကတော့ ဒီဆိုင်မှာပဲရနိုင်ပါတယ်။ ငါးကို အသားနူးအိအောင် သေချာစနစ်တကျပေါင်းထားပြီးမှ ပြန်ကင်ထားတာပါ။ တွဲစားရမယ့်ဟာထဲမှာတော့ ငရုတ်သီးတောင့်လှော်၊ သံပုရာသီး၊ ကြက်သွန်ဖြူနဲ့ ပဲပုတ်ထောင်းမှုန့်တို့ပါ တွဲလျက်ပါရှိပါတယ်။ ပဲပုတ်ထောင်းမှုန့်နဲ့တွဲစားရတာက အရသာတစ်မျိုးထူးခြားစေတယ်။

ကျိုင်းတုံငါးကင်
ကျိုင်းတုံငါးကင်

အဓိကဟင်းပွဲတွေစားပြီး အချိုတည်းဖို့ ရောင်စုံမုန့်ကြာစိအုန်းနို့နဲ့ တခြားအမျိုးစားအစုံရှိပါသေးတယ်။
ဘီယာပါတွဲသောက်ချင်တယ်ဆိုလည်း Heineken ရှိနေတယ်ဆိုတော့ အကုန်လုံးအတွက် fine တယ်။အလုံမြို့နယ်တွင်းဆိုရင် delivery free ရှိတယ်လို့သိရပါတယ်။ ထူးထူးခြားခြားအနေနဲ့
ဂျပန်တို့ဟူး၊ အသားတု၊ အူတု၊ သုံးထပ်သားတုတို့လို သပ်သပ်လွတ် အစားအစာကောင်းကောင်းတွေလည်းရနိုင်ပါသေးတယ်။

ရောင်စုံမုန့်ကြာစိအုန်းနို့
ရောင်စုံမုန့်ကြာစိအုန်းနို့

warmae.com logoView details of the store in warmae.com

Sai Kham Sam

Address:
389 Lower Kyeemyindaing Road, Ahlone Yangon.
Hours:
11:00 - 22:00
Tel:
012315080