င်္Food Court – မုန့်ဈေးတန်း

မုန့်ဈေးတန်းက သူ့ရဲ့နာမည်အတိုင်းပါပဲ တစ်နေရာတည်းမှာ ဆိုင် ၉ ဆိုင်ကို စုထားတဲ့ မုန့်ဈေးတန်းပေါ့။

အဲ့ဒီကိုသွားစားတော့ ငယ်ငယ်တုန်းက ရပ်ကွက်ထဲမှာ တိုကင်လေးတွေထုတ်ပြီး စတုဒီယာ လိုက်စားတာကိုတောင် သတိရသွားတယ်။

ဘာလို့လဲဆိုတော့ မုန့်ဈေးတန်းကို ရောက်ရင် အရင်ဆုံးကောင်တာမှာ card လုပ်ရတယ်။ card ထဲမှာ စားချင်သလောက်ငွေထည့် ကတ်ခ ၁ထောင် deposite ထားရတယ်။ စားပြီးသောက်ပြီး card ပြန်ပေးပြီးရင် deposite ၁ ထောင်အပါအ၀င် မသုံးဖြစ်လို့ကျန်တဲ့ငွေပြန်ထုတ်ရုံပဲ။

ဆိုင် ၉ ဆိုင်ကို စုထားတာဆိုတော့ တရုတ်အစားအစာလား၊ အိန္ဒိအစားအစာလား၊ ရှမ်းအစားအစာလား၊ ဗမာအစားအစာလား အကုန်အစုံ ရတယ်၊ စားချင်တဲ့ဆိုင်မှာ card လေးနဲ့ သွားမှာ table နံပါတ်လေးယူလာပြီး ထိုင်ချင်တဲ့စားပွဲမှာထိုင်နေ သူ့ဘာသူလာချလိမ့်မယ်။ ပုံမှန်ဆို ဆိုင်မတူရင် မှာတဲ့ဆိုင်မှာပဲထိုင်ရတယ်လေ။ မုန့်ဈေးတန်းမှာက မှာတဲ့ဆိုင်မတူပေမယ့် တစ်စားပွဲထဲမှာ အတူတူစားလို့ရတော့ သူငယ်ချင်းတွေနဲ့ ဟိုဆိုင်ထိုင်မယ် ဒီဆိုင်ထိုင်မယ် ငြင်းစရာမလိုတော့ဘူးပေါ့။

သွားစားဖြစ်ခဲ့တာတွေကို တစ်ဆိုင်ချင်းပြောပြမယ်နော်

ရွှေရသာ- မြန်မာထမင်းဟင်းနဲ့ မုန့်အချိုအစုံရတယ်။ စားခဲ့တာက ၀က်လက်ထမင်းပေါင်း၊ ကူဖီး၊ ရေခဲသုပ်၊ ဖာလူဒါ။ မုန့်ဗိုင်းထောင့်၊ ဆနွမ်းမကင်း၊ မုန့်ဖက်ထုပ်၊ မုန့်ဦးဋောက်တို့လိုမျိုး မြန်မာမုန့်တွေလဲရသေးတယ်နော်။

What a chicken – ကြက်ကင်၊ ကြက်ဆီထမင်း၊ ကြက်ကြော် တွေရတယ်။ စားဖြစ်ခဲ့တာက ကြက်ကင်နဲ့ကြက်ဆီထမင်း ၊ ကြက်ဆီထမင်းက ၀ါဝါလေး၊ ကြက်ကင်လဲ တော်တော်နူးညံ့တယ်။

Sizzle it – ပူပူစပ်စပ်ကြိုက်တဲ့သူတွေအတွက် ကျောက်အိုးပူအစားအစာဆိုင်။ သူက ကိုယ်ကြိုက်တဲ့ပုံစံအတိုင်း မှာလို့ရတယ်။ အရင်ဆုံးအသားကိုရွေးရတယ် ကြက်၊ ငါး၊ ၀က်၊ အမဲ၊ တို့ဟူး ဆိုပြီးအရင်ရွေး၊ ပြီးရင် စားချင်တဲ့ အရသာကိုရွေး၊ sauce ၄ မျိုးရှိတယ်။ Ginger&Spring Onion ,Mushroom ပြီးတော့ ပူပူစပ်စပ်ကြိုက်သူတွေအတွက် Malar နဲ့ Black pepper လဲရှိသေးတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ခေါက်ဆွဲနဲ့စားမလား ၊ ထမင်းနဲ့စားမလား ရွေးလိုက်ရုံပဲ။

 

အံမယ် ကြေးအိုး ချစ်သူတွေအတွက်လည်း Kyay Oo ရှိသေးတယ်နော်။ တစ်ပွဲကိုမနည်းကုန်အောင်စားရတယ်။

Xi yang yang- က ထိုင်ဝမ်ရှောက်လုံးပေါင်းနှင့်ဖက်ထုပ် မှာ နှမ်းလုံးပေါက်စီ ၊ ၀က်သားရှောက်လုံးပေါင်း၊ ပုဇွန်နိုင်လွန်ပေါင်း တွေလဲ စားခဲ့သေးတယ်။

မိုးကုတ်ဒေါ်ရှန်က ရှမ်းထမင်းသုပ်
ဒီဆိုင်မှာက ရှမ်းအစားစာ ဟင်းထုပ်တို့ ၊ ရှမ်းထမင်းနယ်တို့ စုံစုံလင်လင်ရတယ်။

စားတာသောက်တာတွေများပြီးတော့
အအေးကတော့ The Juice Bar က ဖျော်ရည်လေးထပ်သောက်လိုက်သေးတယ်၊ အုန်းရည်လဲရတယ်နော်။ ဇွန်းခြစ်လေးပါပါတယ် ရှယ်ပဲ။ သဘာဝအသီးစစ်စစ်ကို လတ်လတ်ဆတ်ဆတ်ချက်ချင်းဖျော်ပေးတာဆိုတော့ ဗဲရီးဂွတ်ပဲ။

မုန့်ဈေးတန်းကိုသွားရင် သူငယ်ချင်းများများနဲ့ပျော်ပျော်ပါးပါးသွားဖို့ အကြံပေးပါရစေ ၊ ဆိုင်တွေကများတော့ စားချင်တာတွေကများတော့ တစ်ယောက်တည်းဆို မနိုင်ဘူးလေနော်။ သူငယ်ချင်းတွေပါတော့ သူတို့မှာတာလဲနှိုက်စား ကိုယ်စားတာလဲ ဖွက်ထား ( ဟုတ်ပေါင် ) အတူတူစားလို့ရတာပေါ့နော် ။

လိပ်စာကတော့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းနဲ့ ပြည်လမ်းထောင့် နားက အသစ်ဖွင့်တဲ့ စိန့်ဂျွန်း City Mall ရဲ့ ၃ လွှာမှာ ပါ။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။