Flavours Restaurant နှင့် Wolf Kitchen တို့ပူးပေါင်း၍ ဟင်းလျာမိတ်ဆက်ပွဲကျင်းပ

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင်ဖွင့်လှစ်ထားသော Grand Macure Hotel ရှိ Flavours Restaurant နှင့် Cheft Lynn Yang Wolf တို့ပူးပေါင်း၍ ဟင်းလျာမိတ်ဆက်ပွဲ အခမ်းအနားကို မတ်လ ၇ ရက်နေ့က အဆိုပါဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Grand Macure Hotel အနေဖြင့် အမျိုးသမီးများကို အားပေးမြင့်တင် ဂုဏ်ပြုသောအနေဖြင့်လည်းကောင်းသဘာဝအတိုင်း စိုက်ပျိုးထားသောထုတ်ကုန်များကို အသုံးပြုခြင်းဖြင့် လယ်သမားများကို ကူညီပေးလိုသောရည်ရွယ်ချက်ဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယနေ့အစီအစဉ်အား Plants for Planet ဟူသော AccorHotels ဆောင်ပုဒ်နှင့်အညီ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကာ သဘာဝစားသောက်ကုန်များကို ဦးစားပေးအသုံးပြုရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Grand Macure Hotel တွင် လက်ရှိရောင်းချနေသော Themed Buffet နေ့ရက်များဖြစ်သော ဗုဒ္ဓဟူးနေ့မှ စနေ နေ့အထိတစ်ယောက်လျှင် USD 30 ဖြင့် လာရောက်သုံးဆိုင်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ဘူဖေးအစီအစဉ်တွင်USD 10 ထပ်ပေါင်းပေးဆောင်၍ ၀ိုင်နှင့် ဘီယာ ကို Free Flow သုံးဆောင်နိုင်ကြောင်း သိရှိရပါသည်။