ဒီတစ်ပတ်မှာ ထူးခြားတဲ့ ဆိုင်အပြင်အဆင်နဲ့ ဆန်းသစ်တဲ့ပင်လယ်စာအရသာအစုံအလင်ရတဲ့ ပါရမီလမ်းက Fish & Co. Myanmar နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဆိုင်က ပါရမီလမ်း(အေဒီမီးပွိုင့်အနီး) မှာရှိပြီး ပင်လယ်စာအမျိုးမျိုးအပြင် တခြားစားသောက်ဖွယ်ရာအစုံအလင်ရရှိတဲ့ဆိုင်ဖြစ်ပါတယ်။
ဆိုင်အပြင်အဆင်က တော်တော်လေး သဘောကျဖို့ကောင်းပြီး ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ တော်တော်လေးအဆင်ပြေမယ့် နေရာလေးလို့လည်းပြောချင်ပါတယ်။ ဒီတစ်ပတ်စားဖြစ်ခဲ့တဲ့ ဟင်းပွဲလေးတွေအကြောင်း တစ်ခုချင်းစီမိတ်ဆက်ပေးချင်ပါတယ်။

Seafood Platter for 1 – ပုစွန်ကင်၊ လတ်ဆတ်နူးအိနေတဲ့ Dory Fish၊ ပြည်ကြီးငါးကင်တို့ပါဝင်တဲ့ Seafood Platter က ဒီဆိုင်မှာ လူကြိုက်အများဆုံးဟင်းပွဲတစ်ခုပါ။ အာလူးချောင်းကြော်လည်းပါပြီး အရသာတမူထူးခြားမှုရှိပါတယ်။ အစပ်အရသာမပါပဲ ငါးအရသာ ပုစွန်အရသာကောင်းမွန်မှုရှိပြီး တစ်ပွဲကို ၁၂၅၀၀ ကျပ်ပါ။

New York Fish & Chips – ဆိုင်ရဲ့ all time favourite Fish & Chips လို့ညွှန်းဆိုထားတဲ့ဟင်းပွဲတစ်ခုပါ။ အာလူးကြော်အကြောင်းထွေထွေထူးထူးပြောစရာမရှိပေမယ့် ပါဝင်တဲ့ငါးအရသာနဲ့ နူးညံ့မှုကတော့ တကယ်အရသာရှိလှပါတယ်။

Grilled Peri-Peri Chicken – ကြက်သားကို ထူးခြားတဲ့ အရသာနဲ့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ဂေါ်ဖီအချဉ်လေးနဲ့ တွဲဖက်စားသုံးရတဲ့ဟင်းပွဲတစ်ခုပါ။ အသားအရသာကောင်းပြီး ပင်လယ်စာမဟုတ်တဲ့ဟင်းပွဲကောင်းတစ်ခုပါလို့ ညွှန်းပေးချင်ပါတယ်။

Soup of the day – အရိုးသားဆုံးဝန်ခံရရင် ဒီလို Soup မျိုးကို အရင်က တစ်ခါမှမစားခဲ့ဖူးဘူး။ အရသာကို try ကြည့်တော့လည်း ကြိုက်မိသွားတယ်။ နောက်ထပ်ကြုံရင်လည်း ထပ်စားဖို့စာရင်းထဲကို မဖြစ်မနေထည့်ထားလိုက်မယ့် Soup တစ်ခုပါ။

ဆိုင်မှာ ရောင်းချတဲ့ဟင်းပွဲတွေက ဈေးများတယ်လို့ ယေဘုယျအားဖြင့်သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှရောင်းချနေတဲ့ အရည်အသွေးအတိုင်း၊ အရသာအတိုင်းနဲ့ တန်းတူရှိပြီး ဈေးကတော့ ပိုသက်သာတယ်ဆိုတာ သေချာပါတယ်။ အစားအသောက်တိုင်းကို ပြင်ဆင်ထားတဲ့ပုံစံ၊ ဆိုင်ရဲ့ သန့်ရှင်းသပ်ရပ်မှုနဲ့ နေရာအနေအထားကတော့ တကယ့်ကို စိတ်ကျေနပ်မှုရရှိစေမှာပါ။
နောက်ထပ် မဖြစ်မနေပြောရမယ့် သတင်းကောင်းတစ်ခုရှိပါသေးတယ်။ ဘီယာတစ်ခွက်သောက် တစ်ခွက် free ပါ။ သောက်စရာ ယမကာမျိုးစုံနဲ့ အအေးမျိုးစုံလည်းရှိပြီး သူငယ်ချင်း၊ မိသားစုတွေနဲ့ အေးအေးဆေးဆေး၊ ကောင်းကောင်းစားချင်တယ်ဆိုရင်တော့ တစ်ခါလောက်တော့ သွားကြည့်သင့်တဲ့ဆိုင်ဖြစ်ပါတယ်။ ဆိုင်လိပ်စာ – ခြံအမှတ် ၂ဘီ၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းကြား၊ ပါရမီလမ်း( အေဒီ မီးပွိုင့်အနီး) ရန်ကုန်။ ကြိုတင် Booking ပြုလုပ်မယ်ဆိုရင် ဖုန်း – 09967750926, 019666415 ကိုဆက်သွယ်နိုင်ပါတယ်။