ဟော့ပေါ့ခရေဇီတွေအတွက် လမ်းညွှန်ပေးချင်တဲ့ဆိုင်

ဒီနိုင်ငံမှာ ဟော့ပေါ့ကြိုက်တဲ့သူတော်တော်များများရှိသလို ဟော့ပေါ့ဆိုင်တော်တော်များများလည်းရှိပါတယ်။ အဲဒီအထဲကမှ သန့်ရှင်းသပ်ရပ်မှုရှိပြီး စားလို့ကောင်းတဲ့ ဟော့ပေါ့ဆိုင်တစ်ဆိုင်အကြောင်း ဖောက်သည်ချလိုပါတယ်။

တောင်ဥက္ကလာက DIY HOT POT & BBQ ဆိုင်ပါ။ အစားအသောက်သန့်ရှင်းလတ်ဆတ်မှုရှိပြီိး သန့်သန့်ရှင်းရှင်း၊ အေးအေးဆေးဆေးစားလိုတဲ့သူတွေ ရွေးချယ်သင့်တဲ့ဆိုင်လို့ ညွှန်းချင်ပါတယ်။ Set Menu (1) အကြောင်းစပြောရရင် ၂ ယောက်စာ ၂၃၀၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး ဟင်းရည် ၂ အိုး၊ အသား ၄ မျိုး၊ ပင်လယ်စာ ၂ မျိုး၊ အသီးအရွက် ၆ မျိုး၊ ကြိုက်နှစ်သက်ရာ အအေး ၂ မျိုးပါရှိပါတယ်။

Set Menu (2) ကတော့ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်သွားစားကြမယ့်သူတွေအတွက်ပါ။ လေးယောက်စာ ဟင်းရည် ၄ အိုး၊ အသား ၈ မျိုး၊ ပင်လယ်စာ ၄ မျိုး၊ အသီးအရွက် ၁၂ မျိုး၊ အအေး ၄ မျိုးပါရှိပါတယ်။

ဆိုင်က အပေါ်ထပ်အောက်ထပ် ၂ ထပ်ရှိပြီး သန့်ရှင်းမှုကို အထူးအလေးပေးတဲ့ဆိုင်လို့ သတ်မှတ်ချင်ပါတယ်။ ၀န်ဆောင်မှုပေးတဲ့ ၀န်ထမ်းတွေကအစ သန့်ရှင်းမှုကို အထူးဂရုစိုက်ပြီး လုပ်ဆောင်ထားတာကိုတွေ့ရပါတယ်။ မိသားစု၊ သူငယ်ချင်း၊ ချစ်သူတွေနဲ့ အေးအေးဆေးဆေး သန့်သန့်ရှင်းရှင်းစားသောက်လိုတယ်ဆိုရင်တော့ ဒီဆိုင်လေးက မဆိုးဘူးလို့ အကြံပြုချင်ပါတယ်။

warmae.com logoView details of the store in warmae.com

DIY HOT POT & BBQ

Address:
No (95/F), Waizayandar St, (3) Quarter, Yangon
Hours:
10:00 - 23:00
Tel:
09258202088