မြန်မာဟင်းပွဲထူးထူးဆန်းဆန်းလေးတွေနဲ့ဆိုင်

ဒီတစ်ခေါက်ပိတ်ရက်မှာ ဘယ်သွားပြီး ဘာစားရမလဲတွေးနေတဲ့ မိတ်ဆွေတွေအတွက် ဆိုင်လေးတစ်ဆိုင် လမ်းညွှန်ချင်ပါတယ်။ မြန်မာအစားအသောက်တွေ အစုံအလင်ရပြီး ထိုင်ရတာသက်တောင့်သက်သာရှိလှတဲ့ စမ်းချောင်း၊ ကျွန်းတောလမ်းက De’ Burmese Restaurant ဆိုင်ပါ။

ဒီတစ်ပတ်မှာ ရွေးချယ်စားဖြစ်ခဲ့တဲ့ ဆိုင်ရဲ့ လူကြိုက်အများဆုံး လူကြီးစကားဝိုင်း အကြောင်းစပြောချင်ပါတယ်။ အပြင်အဆင်ပုံစံက ထူးဆန်းပြီး စားချင့်စဖွယ်ဖြစ်တဲ့ ဟင်းပွဲတစ်ခုပါ။ အရသာအနေနဲ့က ၅ မျိုးပါပြီး လဘက်ထမင်း၊ ပုန်းရည်ကြီးထမင်း၊ ချဉ်ပေါင်ထမင်း၊ ငါးထမင်း၊ ငါးပိချက်ထမင်းဆိုပြီး တစ်ပွဲထဲမှာ အရသာ ၅ မျိုးခံစားနိုင်မယ့် ထူးခြားတဲ့အစားအသောက်တစ်ခုပါ။

အသားအနေနဲ့ကတော့ ၀က်သား ကျွတ်ကျွတ်ကြော်လေးနဲ့ စားရတာ မြိန်တယ်လို့ ဆိုရပါမယ်။ ဒီဆိုင်မှာ လူကြိုက်များတဲ့ ဟင်းပွဲတစ်ခုဖြစ်တဲ့ လူကြီး စကားဝိုင်းက တစ်ပွဲကို ၆၀၀၀ ကျပ်ပါ။

ဆိုင်ရဲ့ main dish တွေထဲမှာ မြန်မာကြက်ကြော်၊ ကြက်ကြော်မြန်မာသုပ်၊ လဖက်ထမင်းကြော်တို့လို မြန်မာတွေကြိုက်မယ့် အစားအသောက်ကောင်းလေးတွေလည်းရှိပါတယ်။ စားရင်းသောက်ချင်တဲ့သူတွေအတွက်တော့ မြန်မာဘီယာရပါတယ်။

ပိတ်ရက်မှာ ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်သွားဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီဆိုင်လေးက သင့်တော်ပါတယ်။