မိုးအေးအေးမှာ ကော်ဖီပူပူလေးနဲ့ ငြိမ့်လို့ရမယ့် ကော်ဖီဆိုင်

လက်ရှိရာသီဥတုကတော့ အားကစားသမားတွေအကြိုက်လို့ဆိုရအောင် Chill ဖြစ်တယ်။ အေးစက်စက်ရာသီဥတုနဲ့အတူ ကော်ဖီတစ်ခွက်ကတော့ မဖြစ်မနေဘေးမှာ ရှိထားသင့်ပါတယ်။ ဒီတစ်ခေါက်မှာ ဗိုလ်ရာညွန့်လမ်းနဲ့ နဝေးလမ်းထောင့်က Craft Cafe ဆိုင်လေးအကြောင်းရေးပါမယ်။

ဆိုင်ရဲ့တည်နေရာက သွားရတာလွယ်ကူပြီး အချက်အလက်ကျတဲ့နေရာမှာရှိပါတယ်။ ဗိုလ်ချုပ်ဈေးနဲ့နီးပြီး ဒဂုံ(၁) ကျောင်းနားက ဗိုလ်ရာညွန့်လမ်းနဲ့ နဝေးလမ်းထောင့် မှာရှိတာပါ။ ရနိုင်တဲ့ ကော်ဖီအမျိုးအစားတွေက အများကြီးဆိုတော့ ဘာသောက်မလဲဆိုတာ တော်တော်လေးစဉ်းစားလိုက်ရတယ်။

Craft Cafe

Espresso၊ Americano ၊ Capuccino ၊ Latte ၊ Mocha ၊ Macchiato ၊ Piccolo Latte ၊ Latte ၊ Hot Chocolate ၊ Hot Milk တို့လို လူကြိုက်များပြီး ဒီရာသီဥတုနဲ့ အဆင်ပြေမယ့် ကော်ဖီအစုံရပါတယ်။ ဒါမှမဟုတ် လဘက်ရည် မှသောက်ချင်တယ်ဆိုရင်လည်း Hot Tea၊ Ice Tea လည်းရပါတယ်။

Craft Cafe က အပေါ်ထပ်နဲ့ အောက်ထပ် နှစ်နေရာရှိပြီး လူရှင်းတဲ့နေရာကို စိတ်ကြိုက်ရွေးထိုင်နိုင်ပါတယ်။ ဆိုင်မှာ ဆူညံမှုသိပ်မရှိပဲ တိတ်ဆိတ်တဲ့အတွက် အေးအေးဆေးဆေး ကော်ဖီသောက်ရင်း အလုပ်လုပ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ Free Wifi လည်းရှိတယ်ဆိုတော့ သာသာယာယာပဲ။

Hamburger, Lettuce and French Fries.
Craft Burger

ကော်ဖီသောက်ယုံတင်မဟုတ်ပဲ ပေါ့ပေါ့ပါးပါး အစားအသောက်တွေ စားချင်တဲ့သူတွေအတွက်လည်း ဘာဂါ၊ ကြက်ကြော်တွေလည်းရနိုင်တယ်။ ဒီဆိုင်မှာရှိတဲ့ အစားအသောက်တွေရဲ့ အရသာနဲ့ ဆိုင်အနေအထားက သပ်ရပ်သန့်ရှင်းပြီး နိုင်ငံခြားသားတွေ အတော်လေးနှစ်ချိုက်ကြတာကိုတွေ့ရပါတယ်။ ဒီလိုရာသီဥတုမျိုးမှာ ကော်ဖီလေးတစ်ခွက်သောက်ရင်း အေးဆေးယူချင်တယ်ဆိုရင်တော့ Craft Cafe ကိုသွားကြည့်သင့်ပါတယ်။

Craft Cafe ဆိုင်အတွင်းပိုင်း

warmae.com logoView details of the store in warmae.com

Craft Cafe

Address:
No.(33), Unit(6-9), Plaza (31), Bo Yar Nyunt Street, Yaw Min Gyi Ward, Dagon Township, Yangon, Myanmar.
Hours:
7:00 - 23:00
Tel:
09960608333