အမြည်းဆန်းဆန်းများနဲ့ ဘီယာမျိုးစုံရတဲ့ဆိုင်

ရန်ကုန်မြို့မှာ အမြည်းကောင်းကောင်းနဲ့ ဘီယာအမျိုးစားစုံစုံလင်လင်သောက်ချင်တယ်ဆိုရင်တော့ တောင်ဥက္ကလာ၊ ဗြဟ္မစိုရ်လမ်းက Cozy Bar & Restaurant ကိုသွားဖို့ လမ်းညွှန်ပေးချင်ပါတယ်။

အမြည်းဆန်းဆန်းတွေကြောင့် လူတိုင်းရဲ့ပါးစပ်ဖျားမှာ နေရာတစ်နေရာအခိုင်အမာရထားတဲ့ဆိုင်မှာ ကယားဝက်အူချောင်း၊ ဆိတ်ဗယာကြော်၊ ပင်လယ်စာဟော့ပလိတ်၊  ကြက်အရေခွံအစာသွပ်၊ ဆတ်ကချင်ထောင်း စတာတွေက လူကြိုက်အများဆုံးနာမည်ကြီး Menu တွေပါ။

ဆိတ်ဗယာကြော်
ဆိတ်ဗယာကြော်

အရင်ဆုံး ဘီယာနဲ့စသောက်မယ်ဆိုရင် ဆိတ်ဗယာကြော်ကို မဖြစ်မနေ မြည်းစမ်းကြည့်ဖို့ပြောချင်ပါတယ်။ အရသာထူးထူးလေးနဲ့ စားရတာနည်းနည်းလေး စပ်သယောင်ယောင်ရှိပေမယ့် အစပ်မစားချင်ဘူးဆိုရင်တော့ အစပ်လျှော့ပေးဖို့ ပြောလိုက်ပါ။ အချဉ်နဲ့တို့စားရင် အရသာတစ်မျိုးပြောင်းပြီး ဘီယာနဲ့တကယ်လိုက်ဖက်မှုရှိပါတယ်။

ပင်လယ်စာဟော့ပလိတ်
ပင်လယ်စာဟော့ပလိတ်

ပင်လယ်စာဟော့ပလိပ်ကတော့ အငွေ့တထောင်းထောင်းနဲ့ ပူပူလေးစားရင်တကယ်ကောင်းပါတယ်။ ပင်လယ်စာကို အရသာထူးထူးနဲ့ ပုံစံကွဲကွဲစားချင်တယ်ဆိုရင် စားကြည့်သင့်ပါတယ်။ ဒါပေမယ့် ပူတုန်းမှာစားဖို့အကြံပြုလိုပါတယ်။ အေးသွားရင်စားရတာ အရသာပေါ့သွားတယ်လို့ ခံစားမိပါတယ်။

ဆတ်ကချင်ထောင်း
ဆတ်ကချင်ထောင်း

ဆတ်ကချင်ထောင်းကတော့ ရိုးရိုးပုံမှန်စားနေကျ ဆတ်သားခြောက်တွေလိုအရသာမျိုးရှိပါတယ်။ သူ့မှာမတူညီတဲ့အချက်က ဆတ်သားခြောက်လို အားအင်စိုက်ပြီး ၀ါးနေစရာမလိုပဲ နူးညံ့မှုရှိပါတယ်။ ချိုအီတဲ့အရသာမျိုးအတွက် ထူးထူးခြားခြား ရွှေအိုရောင်သံယောစဉ် ဆိုတဲ့ ပင်လယ်စာဟင်းပွဲလေးစားကြည့်သင့်ပါတယ်။ ပြိုင်ပွဲမှာ ဆုရထားတဲ့ဟင်းပွဲတစ်ခုဆိုတော့ အရသာကတော့ အားလုံးသဘောကျနိုင်မှာပါ။

ရွှေအိုရောင်သံယောစဉ်
ရွှေအိုရောင်သံယောစဉ်

သောက်ဖို့အတွက်က ပြည်တွင်းအမှတ်တံဆိပ်ဘီယာမျိုးစုံအပြင် GERMAN WEIZEN၊ ENGLISH BITTER၊ RANGOON BLONDE ဆိုပြီး နိုင်ငံခြားဘီယာ၊ Home Made Beer အမျိုးစားအစုံရနိုင်ပါတယ်။

warmae.com logoView details of the store in warmae.com

Cozy Bar & Restaurant

Address:
No-668 , 4/6 Bya Ma Soe Street
Hours:
11:00 - 23:00
Tel:
09783932889