ဈေးနှုန်းချိုသာတဲ့ မြောက်ဥက္ကလာက ပင်လယ်စာနဲ့ ဟော့ပေါ့ဆိုင်

ပင်လယ်စာနဲ့ ဟော့ပေါ့ကောင်းကောင်းစားလို့ရပြီး ဈေးနှုန်းချိုသာတဲ့ မြောက်ဥက္ကလာ၊ မေဒါဝီလမ်းက ချစ်မိုးကြီးဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်အပြင်အဆင်လေးကြောင့် ဆိုင်ထဲဝင်ဝင်ချင်းမှာပဲ စိတ်ကျေနပ်မှုရရှိစေပါတယ်။

ဆိုင်မှာ ပင်လယ်စာမျိုးစုံနဲ့ ဟော့ပေါ့၊ အသုပ်၊ အကင်မျိုးစုံရပြီး သောက်မယ့်ဘော်ဒါတွေအတွက်လည်း ဘီယာနဲ့ soft drink မျိုးစုံရလို့အတော်လေး အဆင်ပြေပါတယ်။

ဂဏန်းမဆလာ
ဂဏန်းမဆလာ
 ကြက်ခြေထောက်သုပ်
ကြက်ခြေထောက်သုပ်

အရင်ဆုံးစားဖြစ်ခဲ့တဲ့ ဂဏန်းမဆလာရဲ့ ဟင်းအနှစ်အရသာက စားလို့ကောင်းပြီး ယူထားတဲ့ဈေးနဲ့ တန်ပါတယ်။ ကြက်ခြေထောက်သုပ်လို ချဉ်ချဉ်စပ်စပ်အရသာကတော့ အချဉ်အစပ်ပိုစားလေ့ရှိတဲ့ မိန်းကလေး တော်တော်များများအကြိုက်တွေ့မှာပါ။

ကြက်အရေခွံကြော်
ကြက်အရေခွံကြော်
ဝက်ဒုက္ခ
ဝက်ဒုက္ခ
ဝက်ဆလတ်
ဝက်ဆလတ်

ကြက်အရေခွံကြော်၊ ၀က်ဒုက္ခ၊ ၀က်ဆလတ်စတဲ့ ဟင်းပွဲအားလုံးကလည်း စားရတာအသာရှိပြီး ဘီယာနဲ့မြည်းလို့ လိုက်ဖက်ပါတယ်။

ဝက်ဂုတ်သားကင်
ဝက်ဂုတ်သားကင်

ဆိုင်မှာ နောက်ထပ်စားလို့ကောင်းတဲ့ ၀က်ဂုတ်သားကင်ကိုတော့ ထိုင်းကနေ တိုက်ရိုက်မှာယူပြီး ချိုချိုဆိမ့်ဆိမ့်အရသာနဲ့ အသားသီးသန့်စားလိုသူတွေအတွက် လုံးဝကွက်တိပါပဲ။

ဟော့ပေါ့
ဟော့ပေါ့

ရွေးချယ်စရာအစားအသောက်တော်တော်များများရှိပြီး ဈေးနှုန်းက လူတိုင်းလက်လှမ်းမီတဲ့အတွက် ကြုံကြိုက်တဲ့အခါမျိုးမှာ တစ်ခါလောက် ၀င်ပြီးမြည်းစမ်းကြည့်သင့်တဲ့ ဆိုင်လေးတစ်ဆိုင်လို့ ဆိုချင်ပါတယ်။