Chicken Rice Shop ရဲ့ Valentine’s Day Special Promotion

၂၀၁၉ ချစ်သူများနေ့ကို အစားတစ်လိုင်းနဲ့ ဖြတ်သန်းမယ့် အစားတစ်လိုင်းစုံတွဲတွေအတွက် သတင်းကောင်းလေးတစ်ခုလမ်းညွှန်ပေးချင်ပါတယ်။ ကြက်ဆီထမင်းကောင်းကောင်းနဲ့ ကြက်သားအရသာကောင်းကောင်းစားချင်တဲ့သူတွေအတွက် ကွက်တိပါပဲ။

ပရိုမိုးရှင်းအစီစဉ်ကတော့ ဖေဖော်ဝါရီ (၁၄) ရက် Valentine’s Day မှာ Double Delight Set ကိုမှာယူစားသောက်ပါက Rojack တစ်ပွဲအခမဲ့ထပ်စားခွင့်ရရှိမှာလို့ သိရပါတယ်။ Double Delight Set မှာ Nyonya Pai Tee (Regular) ၊ Single Portion of Chicken ( Choice of Steamed, Roasted or Soy Sauce) ၊ Prime Honey BBQ Chicken ၊ Bean Sprouts or Pak Choy with Oyster Sauce (Regular) ၊ Sai to Fish Ball Soup (Regular) or Tofu with Oyster Sauce ၊ Two bowls of Chicken Rice ၊ Soup of the day ၊ 120z Soft Drink (Two) စတဲ့ အဓိကနဲ့ အရံဟင်းပွဲပေါင်း ၈ မျိုးအထိပါဝင်ပြီး ၂ ယောက်စာကို ၁၄၀၀၀ ကျပ် နဲ့စားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ (အသေးစိတ်ကို ပုံမှာ ကြည်ရှုနိုင်ပါတယ်)

အခမဲ့စားခွင့်ရမယ့် Rojak က မလေးရှားအစာအစာဖြစ်ပြီး သခွားသီး၊ နာနတ်သီး၊ သရက်သီး၊ စိမ်းစားဥ၊ မာလကာသီး၊ သင်္ဘောသီးတို့ကို Rojak Sauce နဲ့ မြေပဲ၊ ငရုတ်သီးတို့ကို ရောသမမွေထားတဲ့ ထူးထူးဆန်းဆန်းအစားအသောက်တစ်မျိုးပါ။ အစားအသောက်အထူးအဆန်းကြိုက်တဲ့သူတွေအတွက် try ကြည့်သင့်ပါတယ်။ အဓိကဟင်းတွေအပြင်မှာ စားကောင်းတဲ့ Beverages and Desserts အစုံအလင်လည်းရှိပါသေးတယ်။

အရသာသိပ်မချိုပဲ သောက်လိုက်တာနဲ့ လန်းဆန်းသွားစေမယ့် ဘယ်ရီသီးနဲ့ဖျော်စပ်ထားတဲ့ Berrylicious ဖျော်ရည်၊ Ice Kacang တို့ကိုလည်း သဘောကျမိပါတယ်။ ဒီပရိုမိုးရှင်းအစီစဉ်ကို ဖေဖော်ဝါရီ (၁၄) ရက် Valentine’s Day မှာ Chicken Rice Shop လှည်းတန်းစင်တာ ဆိုင်တစ်ဆိုင်ထဲမှာသာ ရရှိနိုင်မယ်လို့ သိရပါတယ်။