လူစွမ်းကောင်းပရိသတ်တွေအတွက် ကော်ဖီဆိုင်

ဒီပိတ်ရက်မှာ သွားဖို့နေရာလေးတစ်ခု လမ်းညွှန်ပေးချင်ပါတယ်။ ကြည့်မြင်တိုင် ဘူတာမှတ်တိုင်အနီးက Cafe Gotham ဆိုတဲ့ Superhero ပုံရိပ်တွေနဲ့အလှဆင်ထားတဲ့ ကော်ဖီဆိုင်လေးကို ရောက်ဖြစ်ခဲ့တယ်။

ဆိုင်က တိတ်ဆိတ်ပြီး ကော်ဖီအေးဆေးထိုင်သောက်လို့ကောင်းတဲ့ နေရာလေးပါ။ Gotham နဲ့ပတ်သက်လို့ အများကြီးနားမလည်တာကြောင့် အထွေအထူးမရှင်းပြနေတော့ပဲ အစားအသောက်နဲ့ပတ်သက်တာကိုပဲ အဓိကထားရေးသွားချင်ပါတယ်။

Cafe Gotham ဆိုင်မှာနာမည်ကြီးတဲ့ Chicken Sandwich စားဖြစ်ခဲ့တယ် အရသာရှိအီဆိမ့်ပြီး အစားကြီးတဲ့ Admin ကိုယ်တိုင်တောင် မနည်းကုန်အောင်စားခဲ့ရတယ်။ တစ်ပွဲကို ၃၀၀၀ ကျပ်ဖြစ်ပြီးတော့ အစားမကြီးဘူးဆိုရင် Chicken Sandwich တစ်ပွဲကို ၂ ယောက်အသာလေးစားလို့ရပါတယ်။ နောက်ထပ်ကော်ဖီလိုင်းမှာ ရွေးသောက်ဖြစ်ခဲ့တာကတော့ အရသာမဆိုးလှတဲ့ Hot Americano ကိုသောက်ဖြစ်ခဲ့တယ်။ တစ်ခွက် ၁၅၀၀ ကျပ်ဖြစ်ပြီး ကော်ဖီခရေဇီတွေအတွက် အဆင်ပြေမယ့်အရသာရှိပါတယ်။

ဆိုင်အနေအထားက မသေးမကြီးဖြစ်ပြီး အေးအေးလူလူကော်ဖီသောက်ရင်း အလုပ်လုပ် ဒါမမဟုတ် စကားပြောဖို့အတွက် အဆင်ပြေတဲ့နေရာလေးတစ်ခုပါ။ ပိတ်ရက်မှာ သူငယ်ချင်းတွေစုပြီးသွားကြမယ်ဆိုရင် ဒီဆိုင်လေးက လူလည်းရှင်းတာကြောင့် အဆင်ပြေမယ့်နေရာတစ်ခုလို့ လမ်းညွှန်ချင်ပါတယ်။

ဆိုင်လိပ်စာ – အမှတ် ၇၃၊ အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်ဘူတာမှတ်တိုင်အနီး၊ ကြည့်မြင်တိုင်မြို့နယ်။ ဖုန်းနံပါတ် – 09 777 188121

warmae.com logoView details of the store in warmae.com

Cafe Gotham

Address:
No-73, lower Kyimyindaing road, near Kyimyindaing station bus top
Hours:
10:00 - 22:00
Tel:
09777188121