ဓာတ်ပုံရိုက်မယ် အေးဆေးသောက်လို့ရမယ့် နေရာလေးတစ်ခု

မြရိပ်ညိုဟိုတယ်နားက ပုလဲလမ်းမှာရှိတဲ့ Byblos Pub & Grill ကိုသိတဲ့သူတွေလည်း သိကြပြီး ဖြစ်ပါလိမ့်မယ်။ အပြင်အဆင်ပုံစံဆန်းဆန်းနဲ့ စမတ်ကျကျသောက်မယ်၊ ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက် လုံးဝလန်းမယ့်နေရာလေးတစ်ခုပါ။

ဆိုင်က အရမ်းကြီးမကြီးသလို အရမ်းကြီးလည်း မကျယ်ပါဘူး။ ဒါပေမယ့် ဆိုင်အတွင်းပိုင်း အပြင်အဆင်စိတ်ကူးက တော်တော်လေးသဘောကျစရာကောင်းတယ်။ နိုင်ငံခြားသားအများစုလည်း ထိုင်လေ့ရှိတဲ့ ဆိုင်တစ်ခုပါ။ အေးဆေးသောက်ချင်တယ်ဆိုရင်တော့ လူရှင်းတဲ့နေရာကို ရွေးထိုင်ဖို့တော့လိုပါမယ်။

စားမယ်ဆိုရင်လည်း ဥရောပအစားအစာနဲ့ ပီဇာတွေလည်းရပါသေးတယ်။ အမှန်တိုင်းဝန်ခံရရင်တော့ အဲနေရာကို သောက်ဖို့ရောက်သွားတဲ့အတွက် အစားအသောက်ကိုတော့ အထွေအထူး မစားဖြစ်ခဲ့ပါဘူး။ အမြည်းတွေကတော့ သေချာရွေးချယ်ပြီး မှာဖို့တိုက်တွန်းလိုပါတယ်။ မဟုတ်ရင် ဘိုဆန်တဲ့အမြည်းတွေနဲ့ ခံတွင်းမတွေ့မှာစိုးလို့ ပါနော်။

ဆိုင်လိပ်စာ – အမှတ် (၂၀) ပုလဲလမ်း၊ မြရိပ်ညိုဟိုတယ်အနီး၊ ဗဟန်းမြို့နယ်။

ဖုန်းနံပါတ် – 09 798 882020

warmae.com logoView details of the store in warmae.com

Byblos Pub & Grill

Address:
20 Pearl Road, Bahan,Yangon
Hours:
11:30 - 22:00
Tel:
09798882020